By emg, Shweproperty.com
Updated at 3 November 2013
ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးမှု စီမံကိန်းအရ နန်းသီတာ ဆိပ်ကမ်း၌ အထပ် ၂၀ မြင့် အဆောက်အုံ တည်ဆောက်ရန် စီစဉ်မှုအား ရန်ကုန်မြို့တော် စည်ပင်မှ ခွင့်ပြုခြင်း မရှိသေးကြောင်း သတင်းရရှိသည်။
ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွင် ပါဝင်သည့် နန်းသီတာ ဆိပ်ကမ်းနှင့် ပန်းဆိုးတန်း-ဒလခရီးသည်တင် ဆိပ်ခံဗောတံတားအား အဆင့်မြင့် ခေတ်မီခရီးသည်တင် ဆိပ်ခံတံတားအဖြစ် ပြောင်းလဲတည်ဆောက်ရာတွင် ဆိပ်ခံတံတားနှင့် ဆက်စပ်မြေနေရာတွင် အထပ် ၂၀ မြင့်ရှိ အဆောက်အုံတစ်ခု တည်ဆောက်ရန်အတွက် ရန်ကုန်မြို့တော် စည်ပင်သို့ ခွင့်ပြုချက် တောင်းခံထားခြင်းဖြစ်သည်။
ရန်ကုန်မြို့တော် စည်ပင်မှ ခွင့်ပြုပေးခြင်း မရှိသည်မှာ သတ်မှတ်ထားသည့် မြို့လယ်ဗဟိုစီးပွားရေးဇုန် ဧရိယာတွင် ပါဝင်နေခြင်းကြောင့်ဟု သိရသည်။
"နန်းသီတာမှာ ဆိပ်ခံတံတား တည်ဆောက်မယ့် ကုမ္ပဏီက အထပ် ၂၀ အမြင့် အဆောက်အုံ ဆောက်ဖို့အတွက် တင်ပြမှုကို ရန်ကုန်မြို့တော် စည်ပင်က နှစ်ထပ်အထိပဲ ခွင့်ပြုမယ့်သဘော ဖြစ်နေလို့ ဆိပ်ကမ်းအဆင့်မြှင့်တင်ရေး လုပ်ငန်းတွေ စဖို့မဖြစ်နိုင်သေးပါဘူး" ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောပါသည်။
ဆိပ်ကမ်းဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များတွင် ရန်ကုန်မြို့တော် စည်ပင်အား ခွင့်ပြုချက် တောင်းခံခြင်းမှာ ဆိပ်ကမ်းဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များအတွက် တင်ဒါခေါ်ယူ ခဲ့စဉ်ကပင် ရန်ကုန်မြို့တော် စည်ပင်၏ ခွင့်ပြုချက် ရရှိပြီးမှသာ အဆောက်အုံများ တည်ဆောက်ရမည်ဆိုသည့် အချက်အား တင်ဒါစည်းကမ်းချက်တွင် ထည့်သွင်းထားခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။
Ref : EMG
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ