By Sint Sint, Shweproperty.com
Updated at 12 March 2020
ရန်ကုန်စတော့အိတ်ချိန်းတွင်စာရင်းဝင်ကုမ္ပဏီများရဲ့ အစုရှယ်ယာများ နေ့စဉ်အရောင်းအဝယ်ပြုလု်ပရာမှာ နိုင်ငံခြားသားတွေ ပါဝင်ဆောင်ရွက်နိုင်တယ်လို့ စီမံကိန်း ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနကနေ သတင်းထုတ် ပြန်ထားပါတယ်။
ရန်ကုန်စတော့အိတ်ချိန်းတွင် ရောင်းချလျက်ရှိတဲ့ စတော့ရှယ်ယာများကို နိုင်ငံခြားသားများ ဝယ်ယူခြင်းနဲ့ ရောင်းချခြင်းကဲ့သို့ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် စတင်ခွင့်ပြုလိုက်တာဖြစ်ပြီး၊ မတ်လ(၂၀)ရက်နေ့က စတင်ပြီး ဝယ်ယူခြင်းနဲ့ ရောင်းချခြင်းတွေကို ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။
(၂၀၁၆)ခုနှစ်က ရန်ကုန်စတော့ရှယ်ယာရောင်းချမှုတွေ စတင်ပြုလုပ်ခဲ့ပြီး၊ ရန်ကုန်စတော့အိတ်ချိန်းဟာ မြန်မာနိုင်ငံရဲ့ တရားဝင်အရင်းအနှီးဈေးကွက်တစ်ခု ဖြစ်ပါတယ်။ ရန်ကုန်စတော့အိတ်ချိန်းအနေနဲ့ နိုင်ငံခြားသားသည် ယင်း၏စာရင်းအား ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီမျာမှ ပေးပို့တဲ့ သတင်းအချက်အလက်တွေအရ မဘ်သည့်နိုင်ငံခြားသားမဆို ငွေချေးသက်သေခံလက်မှတ်စာရင်း တစ်ခု သာ ရှိစေရန် သေချာဆောင်ရွက်ရမယ်လို့ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်ရဲ့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။
နိုင်ငံခြားသားများ စာရင်းဝင်ကုမ္ပဏီများရဲ့ အစုရှယ်ယာများတွင် ရင်းနှီးမြှုပ်နှံရာမှာ ပြည်တွင်း အခွန်များ ဦးစီးဌာနရဲ့ ဥပဒေ၊ စည်းမျဉ်းစည်ကမ်းများနဲ့ အညီ ပြည်တွင်းအခွန်များဦးစီးဌာရရဲ့ ကြီးကြပ်ညွှန်ကြားမှုကို ခံယူပြီး အခွန်ထမ်းဆောင်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။
အဆိုပါကော်မရှင်အနေနဲ့ နိုင်ငံခြားသားများ စတော့ရှယ်ယာ ရင်းနှီးမြှုပ်နှံမှုကိစ္စတွေနဲ့ ပတ်သက်ပြီး ညွှန်ကြားချက်တွေကို ဆက်လက်ထုတ်ပြန်ထားမယ်လို့ သိရပါတယ်။
Written By : ဝိုင်းနန္ဒီ (ShweProperty.com)
Photo Credit : 7day
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ