By Sint Sint, Shweproperty.com
Updated at 13 August 2020
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃ ခုအားရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုုပ်နှံမှု ကော်မတီ၏ (၁၃/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုုပ်နှံမှုကော်မတီ အနေဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုုပ်နှံမှု ဥပဒေနှင့် အညီ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် နိုင်ငံခြား ရင်းနှီးမြှုုပ်နှံမှုလုပ်ငန်း ၂ ခု နှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုုပ်နှံမှု လုပ်ငန်း ၁ ခု အား အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ ရင်းနှီးမြှုုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏ စုစုပေါင်းမှာ အမေရိကန် ဒေါ်လာ ၆ ဒသမ ၉၆၄ သန်း နှင့် မြန်မာ ကျပ် ၂၁၇၄ ဒသမ ၂၀၀ သန်း ဖြစ်ပြီး ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း အနေဖြင့် ၁၀၇၃ ဦး အတွက် ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရင်းနှီးမြှုုပ်နှံမှုတိုးမြှင့်ခြင်းအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုုပ်နှံမှုကဏ္ဍ၌ စက်မှုကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၀၅ သန်း တိုးမြှင့်ထားပြီး ရင်းနှီးမြှုုပ်နှံမှု လျော့ချခြင်း အနေဖြင့် နိုင်ငံခြားရင်းနှီးမြှုုပ်နှံမှုကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၁၀ သန်း ဖြစ်ကြောင်းသိရသည်။
Credit : The Fifth Wave News
Photo Credit : cnbc
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ