By Eleven Media Group, Shweproperty.com
Updated at 26 May 2015
နှစ်စဉ် မိုးရာသီရောက်တိုင်း ရန်ကုန်မြို့မှာ ရေကြီးရေလျှံမှုကို ကြုံတွေ့ရမြဲဖြစ်သည်။ အမှိုက်များကြောင့် ရေမြောင်းများပိတ်ဆို့မှု၊ အင်္ဂလိပ်ခေတ် လက်ထက်ကတည်းက တည်ဆောက်ခဲ့သော ခေတ်မမီတော့သည့် ရေမြောင်းစနစ်တွေကြောင့် မိုးရွာသည်နှင့် ရေကြီးမှုဒဏ်ကို ရန်ကုန်မြို့နေ ပြည်သူများ ခံစားခဲ့ကြရသည်။ လမ်းပေါ်တွင် လမ်းလျှောက်သူများသာ ရေကြီးသည့်ဒဏ်ကို ခံရသည် မဟုတ်၊ ကားဖြင့်သွားလာသူများလည်း ရေများအား ဖြတ်သန်းသွားလာသည့် မြင်ကွင်းများကို မြင်တွေ့နေရသည်။ ပြီးခဲ့သည့်နှစ် အနည်းငယ်အတွင်း ရန်ကုန်မြို့၏ ရေစီးရေလာ ကောင်းမွန်ရေး၊ ရေကြီးရေလျှံမှု လျော့နည်းရေးလုပ်ငန်းတွေအတွက် ဘဏ္ဍာငွေများစွာ သုံးစွဲကြသည်။ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်က ရန်ကုန်မြို့၏ ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းအတွက် ငွေကျပ် နှစ်ဘီလျံကျော် သုံးစွဲမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြခဲ့သည်။ ထိုသို့ ဘဏ္ဍာငွေများစွာ သုံးစွဲခဲ့သော်လည်း ထိရောက်မှုအားနည်းကာ ရန်ကုန်မြို့နေပြည်သူများ ရေကြီးမှုဒဏ်ကို ခံစားနေရဆဲ ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်က ရန်ကုန်မြို့၏ ရေကြီးရေလျှံမှု အခြေအနေမှာ ရေပင်လယ်ဝေနေသကဲ့သို့ ဖြစ်နေသဖြင့် ရေကြီးရေလျှံမှုများနှင့် ပတ်သက်၍ မည်သူ့တွင် တာဝန်ရှိသည်၊ မည်သူက တာဝန်ယူမည်ဆိုသည်ကို ၂၀၁၄ ခုနှစ် သြဂုတ်အတွင်းက ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေးတွင် ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက တင်ပြမေးမြန်းခဲ့သည်။ အလားတူ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းမြင့်က ရေကြီးရေလျှံမှုကိစ္စနှင့် ပတ်သက်၍ ပြီးခဲ့သည့်နှစ်က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် တင်ပြမေးမြန်းခဲ့သလို ယင်းအကြောင်းအရာနှင့် သက်ဆိုင်သည့် မေးခွန်းများကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် မကြာခဏ မေးမြန်းလေ့ ရှိခဲ့သည်။ ယင်းသို့ မေးမြန်းသည့်အခါ သက်ဆိုင်ရာဌာနဖြစ်သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ရေကြီးရေလျှံမှု မဖြစ်စေရေးအတွက် လုပ်ဆောင်နေသည့် လုပ်ငန်းများကို စီကာပတ်ကုံး ပြန်လည်ဖြေကြားခဲ့သည်။ လုပ်ဆောင်နေသည့် လုပ်ငန်းတွေက အများကြီးပင်ဖြစ်သည်။ ထိုသို့ လုပ်ဆောင်နေသော်လည်း ရန်ကုန်မြို့၏ ရေကြီးရေလျှံမှု ပြဿနာမှာ လျော့ကျသွားခြင်းမရှိဟု ရန်ကုန်မြို့နေ ပြည်သူများက ဝေဖန်ကြသည်။ ရန်ကုန်မြို့တွင် အင်္ဂလိပ်ခေတ် လက်ထက်ကတည်းက တည်ဆောက်ခဲ့သည့် ရေမြောင်းအများအပြားရှိပြီး ယင်းအချိန်က လူဦးရေကို ချိန်ဆ၍ ရေမြောင်းစနစ်များ၊ ရေစီးရေလာကောင်းမွန်းရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်။ ထိုမှ ရန်ကုန်မြို့သည် လူဦးရေတစ်ဟုန်ထိုး မြင့်တက်လာသည့် မြို့တော်တစ်ခု ဖြစ်သည့်အချိန်တွင် ယခင်လူနည်းစုကို ချိန်ဆလုပ်ဆောင်ခဲ့သည့် ရေမြောင်းစနစ်များတွင် ပြဿနာတက်လာသည်။ လူဦးရေတိုးပွားလာမှုကြောင့် ယခင်ရေဝပ် ဧရိယာများကိုပင် လူနေအိမ်များအဖြစ် ဆောက်လုပ်မှုများ ရှိလာခဲ့ပြီး စီးပွားရေးလုပ်ငန်းများ ချဲ့ထွင်လာခြင်းကြောင့့် ရေမြောင်းဧရိယာများပင် လျော့နည်းလာသည်။ ယခင်က ရေမြောင်းများပေါ်တွင် ကွန်ကရစ်မြောင်းဖုံးများကို အသေပိတ်လိုက်ခြင်းကြောင့် ရေစီးရေလာ ကောင်းမွန်ရေးအတွက် အဟန့်အတား ဖြစ်စေခဲ့သည်။ ထို့ပြင် စည်းကမ်းမဲ့စွန့်ပစ်သော အမှိုက်များကြောင့်လည်း ရေမြောင်းများ ဆယ်မနိုင်ဖြစ်နေသည်။ မကြာခဏ ဆယ်ယူနေရခြင်းကြောင့် ရေမြောင်းများအတွင်း အမှိုက်များ မပစ်ချရန် စည်ပင်က သတိပေးဆိုင်းဘုတ်များ တပ်ဆင်ထားသည်။ ရေမြောင်းအတွင်းသို့ ပစ်ချသော အမှိုက်များ တစ်စတစ်စစု၍ ရေအဓိက စီးဆင်းရာ ရေမြောင်းကြီးများတွင် စုံပြုံပြီး ပိတ်ဆို့ခဲ့ရာမှာ ရေစီးရေလာအတွက် အဟန့်အတားဖြစ်ပြီး ရေကြီးမှုများ ဖြစ်ပေါ်နေသည်။ ထို့ပြင် ရေမြောင်းစနစ်များ၌ ပြဿနာ ဖြစ်နေသည်။ အင်္ဂလိပ်ခေတ် လက်ထက်ကတည်းက တည်ဆောက်ခဲ့သော ရေမြောင်းများမှာ လူတစ်ရပ်၊ နှစ်ရပ်အထိပင် နက်သည်။ အဆိုပါ ရေမြောင်းများတွင် ပိတ်ဆို့ကာ ရေစီးရေလာ မကောင်းတော့ဘဲ ရေကြီး၍ ရေမြောင်းများကို ဆယ်ယူရန် ကြိုးပမ်းသည်။ သို့သော် အပေါ်ယံသာ ဆယ်ယူခဲ့ပြီး အကြီးစားပြုပြင်ဆယ်ယူမှုများ မရှိသောကြောင့် ခဏလေးဆိုသလိုပင် နုန်းများ၊ အမှိုက်များ ပြန်ပိတ်ဆို့ခဲ့သည်။ ထို့အတွက် မိုးရွာသွန်းသည့်အခါ ရေများမဆင်းနိုင်တော့ဘဲ လမ်းမများပေါ်အထိ ရေကြီးရေလျှံမှုများ ဖြစ်ပွားနေရသည်။ ရန်ကုန်မြို့တွင် နှစ်စဉ်မိုးရာသီကာလရောက်တိုင်း ရေကြီးမှုအများဆုံး နေရာများမှာ ယုဇနပလာဇာရှေ့၊ မင်္ဂလာဈေးအနီး၊ သမိုင်းလမ်းဆုံအနီး၊ ပြီးခဲ့သည့်နှစ်အထိ သိမ်ဖြူ လမ်း စသည့်နေရာများတွင် အဆိုးရွားဆုံးဖြစ်သည်။ အခြားနေရာများတွင် မိုးအနည်းငယ် ရွာလိုက်သည်နှင့် လမ်းမများပေါ်တွင် ရေကြီးသည့်အဆင့်သို့ ရောက်ရှိလာသည်။
နှစ်စဉ် မိုးရာသီရောက်တိုင်း ရန်ကုန်မြို့မှာ ရေကြီးရေလျှံမှုကို ကြုံတွေ့ရမြဲဖြစ်သည်။ အမှိုက်များကြောင့် ရေမြောင်းများပိတ်ဆို့မှု၊ အင်္ဂလိပ်ခေတ် လက်ထက်ကတည်းက တည်ဆောက်ခဲ့သော ခေတ်မမီတော့သည့် ရေမြောင်းစနစ်တွေကြောင့် မိုးရွာသည်နှင့် ရေကြီးမှုဒဏ်ကို ရန်ကုန်မြို့နေ ပြည်သူများ ခံစားခဲ့ကြရသည်။ လမ်းပေါ်တွင် လမ်းလျှောက်သူများသာ ရေကြီးသည့်ဒဏ်ကို ခံရသည် မဟုတ်၊ ကားဖြင့်သွားလာသူများလည်း ရေများအား ဖြတ်သန်းသွားလာသည့် မြင်ကွင်းများကို မြင်တွေ့နေရသည်။ ပြီးခဲ့သည့်နှစ် အနည်းငယ်အတွင်း ရန်ကုန်မြို့၏ ရေစီးရေလာ ကောင်းမွန်ရေး၊ ရေကြီးရေလျှံမှု လျော့နည်းရေးလုပ်ငန်းတွေအတွက် ဘဏ္ဍာငွေများစွာ သုံးစွဲကြသည်။ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်က ရန်ကုန်မြို့၏ ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းအတွက် ငွေကျပ် နှစ်ဘီလျံကျော် သုံးစွဲမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြခဲ့သည်။ ထိုသို့ ဘဏ္ဍာငွေများစွာ သုံးစွဲခဲ့သော်လည်း ထိရောက်မှုအားနည်းကာ ရန်ကုန်မြို့နေပြည်သူများ ရေကြီးမှုဒဏ်ကို ခံစားနေရဆဲ ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်က ရန်ကုန်မြို့၏ ရေကြီးရေလျှံမှု အခြေအနေမှာ ရေပင်လယ်ဝေနေသကဲ့သို့ ဖြစ်နေသဖြင့် ရေကြီးရေလျှံမှုများနှင့် ပတ်သက်၍ မည်သူ့တွင် တာဝန်ရှိသည်၊ မည်သူက တာဝန်ယူမည်ဆိုသည်ကို ၂၀၁၄ ခုနှစ် သြဂုတ်အတွင်းက ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေးတွင် ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက တင်ပြမေးမြန်းခဲ့သည်။ အလားတူ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းမြင့်က ရေကြီးရေလျှံမှုကိစ္စနှင့် ပတ်သက်၍ ပြီးခဲ့သည့်နှစ်က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် တင်ပြမေးမြန်းခဲ့သလို ယင်းအကြောင်းအရာနှင့် သက်ဆိုင်သည့် မေးခွန်းများကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် မကြာခဏ မေးမြန်းလေ့ ရှိခဲ့သည်။ ယင်းသို့ မေးမြန်းသည့်အခါ သက်ဆိုင်ရာဌာနဖြစ်သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ရေကြီးရေလျှံမှု မဖြစ်စေရေးအတွက် လုပ်ဆောင်နေသည့် လုပ်ငန်းများကို စီကာပတ်ကုံး ပြန်လည်ဖြေကြားခဲ့သည်။ လုပ်ဆောင်နေသည့် လုပ်ငန်းတွေက အများကြီးပင်ဖြစ်သည်။ ထိုသို့ လုပ်ဆောင်နေသော်လည်း ရန်ကုန်မြို့၏ ရေကြီးရေလျှံမှု ပြဿနာမှာ လျော့ကျသွားခြင်းမရှိဟု ရန်ကုန်မြို့နေ ပြည်သူများက ဝေဖန်ကြသည်။ ရန်ကုန်မြို့တွင် အင်္ဂလိပ်ခေတ် လက်ထက်ကတည်းက တည်ဆောက်ခဲ့သည့် ရေမြောင်းအများအပြားရှိပြီး ယင်းအချိန်က လူဦးရေကို ချိန်ဆ၍ ရေမြောင်းစနစ်များ၊ ရေစီးရေလာကောင်းမွန်းရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်။ ထိုမှ ရန်ကုန်မြို့သည် လူဦးရေတစ်ဟုန်ထိုး မြင့်တက်လာသည့် မြို့တော်တစ်ခု ဖြစ်သည့်အချိန်တွင် ယခင်လူနည်းစုကို ချိန်ဆလုပ်ဆောင်ခဲ့သည့် ရေမြောင်းစနစ်များတွင် ပြဿနာတက်လာသည်။ လူဦးရေတိုးပွားလာမှုကြောင့် ယခင်ရေဝပ် ဧရိယာများကိုပင် လူနေအိမ်များအဖြစ် ဆောက်လုပ်မှုများ ရှိလာခဲ့ပြီး စီးပွားရေးလုပ်ငန်းများ ချဲ့ထွင်လာခြင်းကြောင့့် ရေမြောင်းဧရိယာများပင် လျော့နည်းလာသည်။ ယခင်က ရေမြောင်းများပေါ်တွင် ကွန်ကရစ်မြောင်းဖုံးများကို အသေပိတ်လိုက်ခြင်းကြောင့် ရေစီးရေလာ ကောင်းမွန်ရေးအတွက် အဟန့်အတား ဖြစ်စေခဲ့သည်။ ထို့ပြင် စည်းကမ်းမဲ့စွန့်ပစ်သော အမှိုက်များကြောင့်လည်း ရေမြောင်းများ ဆယ်မနိုင်ဖြစ်နေသည်။ မကြာခဏ ဆယ်ယူနေရခြင်းကြောင့် ရေမြောင်းများအတွင်း အမှိုက်များ မပစ်ချရန် စည်ပင်က သတိပေးဆိုင်းဘုတ်များ တပ်ဆင်ထားသည်။ ရေမြောင်းအတွင်းသို့ ပစ်ချသော အမှိုက်များ တစ်စတစ်စစု၍ ရေအဓိက စီးဆင်းရာ ရေမြောင်းကြီးများတွင် စုံပြုံပြီး ပိတ်ဆို့ခဲ့ရာမှာ ရေစီးရေလာအတွက် အဟန့်အတားဖြစ်ပြီး ရေကြီးမှုများ ဖြစ်ပေါ်နေသည်။ ထို့ပြင် ရေမြောင်းစနစ်များ၌ ပြဿနာ ဖြစ်နေသည်။ အင်္ဂလိပ်ခေတ် လက်ထက်ကတည်းက တည်ဆောက်ခဲ့သော ရေမြောင်းများမှာ လူတစ်ရပ်၊ နှစ်ရပ်အထိပင် နက်သည်။ အဆိုပါ ရေမြောင်းများတွင် ပိတ်ဆို့ကာ ရေစီးရေလာ မကောင်းတော့ဘဲ ရေကြီး၍ ရေမြောင်းများကို ဆယ်ယူရန် ကြိုးပမ်းသည်။ သို့သော် အပေါ်ယံသာ ဆယ်ယူခဲ့ပြီး အကြီးစားပြုပြင်ဆယ်ယူမှုများ မရှိသောကြောင့် ခဏလေးဆိုသလိုပင် နုန်းများ၊ အမှိုက်များ ပြန်ပိတ်ဆို့ခဲ့သည်။ ထို့အတွက် မိုးရွာသွန်းသည့်အခါ ရေများမဆင်းနိုင်တော့ဘဲ လမ်းမများပေါ်အထိ ရေကြီးရေလျှံမှုများ ဖြစ်ပွားနေရသည်။ ရန်ကုန်မြို့တွင် နှစ်စဉ်မိုးရာသီကာလရောက်တိုင်း ရေကြီးမှုအများဆုံး နေရာများမှာ ယုဇနပလာဇာရှေ့၊ မင်္ဂလာဈေးအနီး၊ သမိုင်းလမ်းဆုံအနီး၊ ပြီးခဲ့သည့်နှစ်အထိ သိမ်ဖြူ လမ်း စသည့်နေရာများတွင် အဆိုးရွားဆုံးဖြစ်သည်။ အခြားနေရာများတွင် မိုးအနည်းငယ် ရွာလိုက်သည်နှင့် လမ်းမများပေါ်တွင် ရေကြီးသည့်အဆင့်သို့ ရောက်ရှိလာသည်။ ရေကြီးရေလျှံမှုများကို ကာကွယ်ရန် နှစ်စဉ်နွေရာသီကာလ ကတည်းက ရေမြောင်းများပြန်ဖော်ခြင်း၊ ပြုပြင်ခြင်း၊ ဆယ်ယူခြင်းများကို ကြိုတင်ပြုလုပ်ခဲ့သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။ ရေမြောင်းများဆိုလျှင်လည်း အချို့နေရာများတွင် အကြီးစားပြင်ဆင်မှုများပင် လုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။ သို့သော်လည်း အဆင်မပြေသေး။ ရေကြီးနေဆဲပင်ဖြစ်သည်။ ထိုသို့ အခြေအနေများကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အလုပ်ရော လုပ်ရဲ့လားဟု ပြည်သူများ မေးခွန်းထုတ်နေကြသည်။ အချို့နေရာများတွင်တော့ လူထုက မြောင်းဖော်သည့်လုပ်ငန်းများ လုပ်ကိုင်နေသည်ကို မြင်သလို အချို့နေရာများရှိ ပြည်သူလူထုအနေဖြင့် မိမိပတ်ဝန်းကျင်၌ ရေမြောင်းများဖော်ခြင်း၊ ဆယ်ယူခြင်းလုပ်ငန်းများ လာလုပ်သည်ကို မတွေ့ရဟု ဆိုကြသည်။ ဗဟန်းမြို့နယ်အတွင်း ရေမြောင်းရှင်းလင်းမှုများကို လုပ်ဆောင်ခဲ့သော်လည်း ယခုမိုးအနည်းငယ် ရွာသွန်းသည်နှင့် ရေကြီးမှုများ ဖြစ်ပေါ်နေကြောင်း၊ ရွှေတိဂုံစေတီတော်ကုန်းမြင့်က ရေများစီးဆင်းမှုကြောင့် ဗဟန်းဈေးပတ်လည်၊ ရေတာရှည်လမ်းတစ်လျှောက် ရေကြီးမှုများ ဖြစ်ပေါ်ကြောင်း ဗဟန်းမြို့နယ် ရေတာရှည်လမ်းနေ ပြည်သူတစ်ဦးက ဆိုသည်။ “ကျွန်မတို့အိမ်က ငမိုးရိပ်ချောင်းနဲ့ နီးတယ်။ မိုးတွင်းဆို ရေအမြဲကြီးတဲ့ နေရာပေါ့။ အိမ်ထဲအထိပါ ရေတွေဝင်တာ။ အဲဒါ အန်တီတို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ရေမကြီးအောင် ဘယ်လိုလုပ်နေသလဲလို့မေးတော့ ငမိုးရိပ်ချောင်းကို သောင်တွေတူးမယ်။ လုပ်မယ်ဆိုပြီး သက်ဆိုင်ရာက ပြောခဲ့တယ်။ ဒါပေမဲ့ လုပ်ခဲ့တာလည်း မတွေ့ဘူး။ မနှစ်ကအထိ အန်တီတို့ဆီမှာ ရေကြီးတာကို ခံစားခဲ့ရတယ်။ အန်တီတို့ သင်္ဃန်းကျွန်းမြို့နယ်ထဲမှာဆိုရင် ဇဝနတို့၊ ကြီးပွားရေးရပ်ကွက်တို့ဆိုရင် လမ်းပေါ်အထိ ရေကြီးလေ့ရှိတဲ့နေရာတွေ ဖြစ်ပါတယ်”ဟု သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းမြင့်က ပြောကြားသည်။ ယခုနှစ်တွင်မူ မိုးရာသွန်းမှု စတင်ချိန်သာ ဖြစ်သောကြောင့် ရေကြီးမှုကို မခံစားရသေးသော်လည်း ယခင်နှစ်ကဲ့သို့ ရေကြီးမှုများ ဖြစ်ပေါ်လာပါက အဆိုပါကိစ္စကို ဖြေရှင်းပေးရန် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ ထပ်မံတင်ပြသွားမည်ဟု ဒေါ်စန်းစန်းမြင့်က ဆိုသည်။ ထိုသို့ ချောင်းများ၊ မြစ်များ၏ မြစ်ကြမ်းပြင်၌ နုန်းပို့ချမှုပမာဏ မြင့်တက်လာခြင်းကြောင့်လည်း မြစ်ကြမ်းပြင်ပမာဏ ကြီးမားပါက မိုးရွာသည်နှင့် ယင်းနှင့်ဆက်စပ်ဧရိယာများသို့ ရေကြီးမှုများ ဖြစ်ပေါ်နေခြင်းဖြစ်ရာ မြစ်ချောင်းများအား ပုံမှန်သောင်းတူခြင်း၊ နုန်းများဆယ်ယူခြင်းများ လုပ်ဆောင်သင့်သည်။ ယင်းသို့ ရေမြောင်းများရှင်းခြင်း၊ ပြုပြင်ခြင်းလုပ်ငန်းများ လုပ်ဆောင်နေသည့်ကြားမှ ရေကြီးမှုများ ဖြစ်ပေါ်နေသည့်အတွက် ရေမြောင်းကိစ္စအတွက် အသုံးပြုသည့် ငွေကြေးများစွာ လေလွင့်ဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြောင်းနှင့် နည်းပညာ ချို့တဲ့မှုများကြောင့်လည်း ပါဝင်ကြောင်း ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။ “ကျွန်မတို့ ဗဟန်းမြို့နယ်ထဲမှာ ရေမြောင်းတွေ အမြဲတမ်းပြောနေတော့ ရှင်းပါတယ်။ ရှင်းနေရဲ့သားနဲ့ကို အခုမိုးရွာတော့ ရေကြီးတယ်။ လူတစ်ယောက် ပေါင်လယ်လောက်အထိ ရောက်တယ်။ ကျွန်မတို့မြို့နယ်ထဲက ရေမြောင်းတွေက အင်္ဂလိပ်လက်ထက်ကတည်းက။ လူတစ်ရပ် နှစ်ရပ်လောက် ရှိတယ်။ ရှင်းတဲ့အခါကျတော့ အပေါ်ယံလောက်ပဲ ရှင်းသွားတာ။ မြောင်းစနစ်တစ်ခုလုံးကိုလှန်ပြီး အကြီးစားပြင်ဆင်မှု မလုပ်တဲ့အတွက် ရေမြောင်းတွေက ပြန်ပိတ်သွားတာပဲ။ ဒါကြောင့် ရေမြောင်းကိစ္စအတွက်သုံးတဲ့ ပိုက်ဆံတွေက လေလွင့်ဆုံးရှုံးသွားတာပေါ့။ ပြည်သူလူထုဘက်ကလည်း စည်းကမ်းတကျ အမှိုက်ပစ်ဖို့ လိုပါတယ်။ မြောင်းတွေထဲကို ပစ်ချတာမျိုးတွေ မလုပ်သင့်ဘူး”ဟု ဒေါက်တာညိုညိုသင်းက သုံးသပ်ပြောကြားသည်။ “မိုးသဲသဲမဲမဲ ရွာလိုက်တာနဲ့ ရေကတော်တော်ကို တက်လာတယ်။ ကျွန်တော်တို့ အနီးမှာဆိုရင် လှိုင် (၁) ရပ်ကွက်က အဆိုးဆုံးပဲ။ ဒါနှစ်တိုင်း ခံစားနေရတာပါ”ဟု လှိုင်မြို့နယ်တွင် နေထိုင်သူ ကိုထူးအောင်က သူ၏အတွေ့အကြုံကို ပြောပြသည်။ အလားတူ ဒဂုံမြို့သစ်တောင်ပိုင်းကဲ့သို့ ဆင်ခြေဖုံးမြို့နယ်များတွင်လည်း မိုးရွာသည်နှင့် ရေကြီးမှုများဖြစ်ပေါ်ကာ အခက်အခဲအများ ဖြစ်ပေါ်နေပြီး စည်ပင်သာယာ၏ မြောင်းဖော်မှုလုပ်ငန်းများလည်း မတွေ့မြင်ရဟု ယင်းမြို့နယ်နေ ပြည်သူများက ဆိုသည်။ ပြီးခဲ့သည့်နှစ်က မိုးရေချိန်လက်မ အနေဖြင့် ပုံမှန်သာ ရွာသွန်းခဲ့သော်လည်း မိုးရေတက်လာခြင်းနှင့် မြောင်းများပိတ်ဆို့မှုများပေါင်း၍ ရန်ကုန်မြို့နေရာ အများစုတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည့်အတွက် ယခုနှစ် မိုးရာသီ မုတ်သုံအဝင်ကာလ၌ပင် မိုးရေချိန်များသည့်နှစ်ဖြစ်၍ ကာကွယ်မှုလုပ်ငန်းများ ပိုမိုလိုအပ်မည်ဖြစ်သည်။ ရန်ကုန်မြို့တွင်း ရေကြီးရေလျှံမှုများ လျော့နည်းစေရန်အတွက် Master Plan ရေးဆွဲခဲ့ရာ မြို့တွင်း Down Town ခြောက်မြို့နယ်ဖြစ်သော ကျောက်တံတား၊ ပန်းပဲတန်း၊ လသာ၊ လမ်းမတော်၊ ဗိုလ်တထောင်၊ ပုဇွန်တောင်မြို့နယ်များအတွက် ရေးဆွဲပြီးစီးခဲ့ပြီ ဖြစ်ကြောင်း၊ ယင်း Master Plan တွင် ရေမြောင်းများချဲ့ခြင်း၊ ပြုပြင်ခြင်း၊ ရေထိန်းတံခါးများ တည်ဆောက်ခြင်းတို့ ပါဝင်ကြောင်းနှင့် အဆိုပါ Master Plan ဖြင့် မြို့တွင်းခြောက်မြို့နယ်၏ ရေကြီးရေလျှံမှုကို ဖြေရှင်းသွားမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဆိုသည်။ အခြားမြို့နယ်များအတွက် Master Plan ကိုမူ အပိုင်းလိုက်ဆွဲရန် လေ့လာမှုများ ပြုလုပ်မည်ဟုဆိုထားရာ အမြန်ဆုံးရေးဆွဲ၍ ရေကြီးရေလျှံမှုများကို ဖြေရှင်းရန် လိုအပ်နေသည်။ ပြီးခဲ့သည့်နှစ်အထိ ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်တွင် မိုးရွာသည်နှင့် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ပြီး ဆူးလေတစ်ဝိုက်၊ သိဖြူလမ်း (ဝန်ကြီးများရုံးတစ်ဝိုက်)၊ ဗိုလ်အောင်ကျော်လမ်းတစ်ဝိုက်တွင် ပုံမှန်ရေကြီးလေ့ရှိသည့် နေရာများဖြစ်သည်။ ယခု နွေရာသီကာလအတွင်း သိမ်ဖြူလမ်းတစ်လျှောက်ရှိ ရေမြောင်းများကို ပြန်လည်ပြုပြင်ချဲ့ထွင်ခြင်းများ ပြုလုပ်ပြီးဖြစ်၍ ရေဆင်းကောင်းမွန်ကာ အဆိုပါပတ်ဝန်းကျင်တွင် ရေကြီးမှုများ လျော့နည်းသွားမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။
ရန်ကုန်မြို့တွင် မိုးတွင်းကာလ ရေကြီးရေလျှံမှု လုံးဝပပျောက်အောင် မလုပ်ဆောင်နိုင်သေးဘဲ ရေကြီးရေလျှံမှု ယခင်ထက် သက်သာအောင် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ဆိုလိုသည်မှာ ကာကွယ်မှုလုပ်ငန်းများ လုပ်ဆောင်ခြင်းဖြင့် ရေကြီးရေလျှံမှုများ လုံးဝမဖြစ်တော့ဟု အာမခံခြင်းမဟုတ်၊ ရေကြီးပါက ရေစီးရေလာကောင်းမွန်ရေး လုပ်ဆောင်ထားသည့်အတွက် ရေမြန်မြန်ဆန်ဆန် ကျဆင်းသွားမည့် ပုံစံမျိုးဖြစ်သည်။ ယခုရက်ပိုင်း၌ အချိန်အနည်းငယ် မိုးသည်းထန်စွာ ရွာသွန်းချိန်၌ပင် နေရာတော်တော်များများတွင် ရေကြီးနေရာ မိုးတွင်းလေးလတာ ကာလအတွက် ရန်ကုန်မြို့နေ ပြည်သူများက ရေကြီးမှုအပေါ် စိုးရိမ်နေသည်။ တစ်ခါတစ်ရံ မိုးကြီးသည့်ရက်များလည်း ရှိတတ်ရာ ယင်းအတွက်လည်း ပို၍ပင် စိုးရိမ်နေကြသည်။ အလားတူ ရန်ကုန်မြို့၌ လမ်းများခင်းကျင်းရာတွင် လမ်းမျက်နှာပြင်များ မြင့်တက်လာမှုကြောင့် မိုးရွာသည့်အခါ ရေများမြေနိမ့်သည့်နေရာသို့ စီးဆင်းသွားပြီး အချို့နေရာများတွင် ရေကြီးမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။ ရန်ကုန်မြို့၏ ရေကြီးရေလျှံမှုများ လျော့နည်းစေရေးအတွက် ပြီးခဲ့သည့် ဘဏ္ဍာနှစ်က ပြည်ထောင်စုအစိုးရ၏ ဘဏ္ဍာရန်ပုံငွေမှပင် ထောက်ပံ့မှုများ ရှိခဲ့သည်။ ယခု ဘဏ္ဍာနှစ်တွင်လည်း ရန်ကုန်မြို့၏ ရေကြီးရေလျှံမှု ကာကွယ်ရေးနှင့် လမ်းတံတားဆိုင်ရာများအတွက် ငွေကျပ်ဘီလျံ ၁၀၀ ကျော် အသုံးပြုမည်ဖြစ်ကြောင်းနှင့် ယင်းအထဲမှ ရေစီးရေလာ ကောင်းမွန်ရေးအတွက် ရေမြောင်းလုပ်ငန်းများ လုပ်ဆောင်ရန် ငွေကျပ် ၁၄ ဘီလျံကျော် အသုံးပြုမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားသည်။ အခြားစင်္ကြိများ တည်ဆောက်ခြင်းလုပ်ငန်းအတွက် လျာထားငွေလည်း သပ်သပ်စီရှိသည်။ ကျပ် ၁၄ ဘီလျံဆိုသည့် ငွေကြေးမှာ နည်းသည့်ပမာဏ မဟုတ်၊ ခုံးကျော်တံတားတစ်စင်း ဆောက်လုပ်စရိတ်နီးပါး ရှိနေသည်။ ယင်းငွေကြေးများဖြင့် ရန်ကုန်မြို့ ရေမြောင်းစနစ်များကို အမှန်တကယ် အဆင့်မြှင့်တင် ပြုပြင်မည်ဆိုပါက လုံးဝကောင်းမွန်နိုင်သည့် အနေအထား ဖြစ်သွားနိုင်သည်။ သို့သော် အမှန်တကယ် အလုပ်ဖြစ်ဖို့တော့ လိုမည်ဖြစ်ပြီး စာရွက်ပေါ်တွင်သာပြသည့် လုပ်ငန်းမျိုး မဖြစ်စေရန် အရေးကြီးကြောင်း ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက သုံးသပ်သည်။ မိုးရွာလျှင် ရေကြီးသော ရန်ကုန်မြို့၏ အခြေအနေအား ကယ်တင်ရန် ကြိုးပမ်းခဲ့ကြသည်။ ထိုသို့ ကြိုးပမ်းသော်လည်း မပြေလည်သေးသည့် အပေါ်တွင် ယခုထက် ပိုမိုကောင်းမွန်သည့် နည်းစနစ်များဖြင့် အစားထိုးကာ ဖြေရှင်းရမည်ဖြစ်သည်။ တစ်နေ့လုံး ရေကြီးခြင်း မဟုတ်သော်လည်း နာရီပိုင်းလောက် လမ်းပေါ်တင်နေသည့် ရေများကြောင့် လမ်းသွားလမ်းလာသူများ စိတ်အနှောင့်အယှက်ဖြစ်သလို နောက်ဖေးကြိုနောက်ဖေးကြား နေရာပေါင်းစုံမှ စီးဆင်းလာသော အမှိုက်သရိုက်များ ပါဝင်သော ရေများထဲတွင် မည်သူမျှ ဖြတ်သန်းသွားလာလိုကြမည် မဟုတ်။ မဖြစ်မနေမို့ သွားလာနေကြရဦးမည်သာ ဖြစ်ပါသည်။
Ref : Eleven Media Group
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ