By The Kumudra, Shweproperty.com
Updated at 21 May 2015
ရန်ကုန်မြို့ရဲ့ ရေအရည်သွေးကို လေ့လာဆန်းစစ်ရာမှာ လက်ခံနိုင်စရာမရှိအောင် ညစ်ပတ်နေပြီဖြစ်ကြောင်း မေလ (၁၇) ရက်နေ့ ရွှေတိဂုံစေတီတော်နှင့် ရွှေတိဂုံစေတီတော် ပတ်ဝန်းကျင် ရေရှည်တည်တံ့ရေး ထိမ်းသိမ်းရန် ဆွေးနွေးပွဲမှာ Eco Day ဒါရိုက်တာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးဝင်းမျိုးသူက ဆိုပါတယ်။
သူက “ရေအရည်အသွေးကို ပြောရရင် လေ့လာဆန်းစစ်မှုတွေအရ ထွက်လာတဲ့အဖြေက ရန်ကုန်မြို့က ရေညစ်ပတ်နေပြီဖြစ်တယ်၊ လက်ခံနိုင်လောက်တဲ့ အနေအထားမရှိဘူး၊ ရေအရည်အသွေးကို သိဖို့ ငမိုးရိပ်ချောင်း၊ လှိုင်မြစ်နဲ့ စက်ရုံအချို့ကထွက်တဲ့ရေတွေကို ဆန်းစစ် သုသေသနပြုခဲ့တယ်”လို့ပြောပါတယ်။
ရန်ကုန်မြို့ရဲ့ရေအရည်အသွေး ကျဆင်းလာတဲ့အပြင်မြေအောက်ရေ ပမာဏလည်း တဖြည်းဖြည်း ဆုတ်ယုတ်လာတယ်လို့ ဆိုပါတယ်။ မြေအောက်ရေ ထုတ်ယူသုံးဆွဲမှု ပမာဏ အရင်ကထက်ပိုများလာလို့ဖြစ်ပါတယ်။ ဥပမာ ရန်ကုန်မြို့ထပ်တိုးဆောက်နေတဲ့ အထပ်မြင့် အဆောက်အအုံတွေက အကုန်လုံးကို စည်ပင်က ရေမပေးနိုင်တော့တဲ့အတွက် ကိုယ့်အစီအစဉ်နဲ့ကိုယ် မြေအောက်ရေထုတ်ယူသုံးဆွဲကြရတာကြောင့် လည်းပါပါတယ်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင် ဦးဝင်းမျိုးသူက “မြေအောက်ရေအခြေအနေတွေက တော်တော်လေးကို ပြန်စဉ်းစားသုံးသပ်ဖို့ လိုလာပါပြီ၊ ထပ်ဆောက်နေတဲ့ အထပ်မြင့်အဆောက်အအုံ ကိုယ့်ရေကိုယ်ထုတ်ယူသုံးဆွဲကြရင် ရန်ကုန်မြို့ကြီးရဲ့ ကျန်းမာရေးအခြေအနေက တော်တော်လေးဆိုးလာနိုင်တယ်”လို့ ပြောပါတယ်။
ရန်ကုန်မြို့ကြီးရဲ့အနေအထားက လွန်ခဲ့တဲ့ (၂၀၀၁) ခုနှစ်က အခြေအနေနဲ့ လက်ရှိအခြေအနေ နှိုင်းယှဉ်ကြည့်ရင် တအားကွာခြားလာတယ်။ မြေအောက်ရေ ပိုမိုထုတ်ယူသုံးဆွဲလာမှုကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးပြသနာတွေက ဘူမိဗေဒအနေအထားအရ မြေကျွံတာ၊ မြေနိမ့်ဆင်းတာ၊ မြေပြိုဆင်းတာတွေ ဖြစ်နိုင်တယ်လို့ ဦးဝင်းမျိုးသူက ရှင်းပြတယ်။
ရန်ကုန်မြို့ရဲ့ ရေအနေအထားက စဉ်ဆက်မပြတ်သုံးစွဲနိုင်ဖို့ ဘယ်လောက်ပြသနာ ရှိနေပြီလဲနဲ့ မြေအောက်ရေထုတ်ယူသုံးစွဲနေမှုက ဘယ်လိုအခြေအနေရှိနေပြီလဲ ဆိုတာ ဆန်းစစ်ဖို့ လိုနေပြီလို့ သိရပါတယ်။
Ref : The Kumudra
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ