By Myanmar Times, Shweproperty.com
Updated at 19 October 2015
ရန်ကုန်မြို့တွင် ခေတ်မီရေဆိုးသန့်စင်စနစ်ကို ၂၀၁၆ ခုနှစ်အတွင်း စတင်တည်ဆောက်သွားမည် ဖြစ်သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့ ပူးပေါင်းရေးဆွဲခဲ့သည့် ၂၀၄၀ မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်းအရ ရေဆိုးသန့်စင်သည့်စနစ်များကို မြို့တွင်း နေရာ ရှစ်ခုတွင်စနစ်တကျဖြင့် ထည့်သွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးလှမြင့်က စက်တင်ဘာ ၂၄ ရက်နေ့တွင် ပြောသည်။
"ရေဆိုးသန့်စင်နိုင်တဲ့ နည်းစနစ်တွေကို မြို့နယ်တိုင်းမှာပါ အသုံးချနိုင်အောင် နေရာ ရှစ်နေရာမှာ တည်ဆောက်သွားမှာပါ၊ JICA နဲ့ စည်ပင်ပူးပေါင်းရေးဆွဲထားတဲ့ မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်းထဲမှာလည်း မြို့ပြတွေ ဖော်ထုတ်တဲ့အခါမှာ ဒီစနစ်ကို တစ်ပါတည်း ပါအောင်လို့ ထည့်သွင်းရေး ဆွဲထားပါတယ်"ဟု ၎င်းက ပြောသည်။
အဆိုပါစက်ရုံများကို မြို့နယ်ပေါင်း ၃၃ မြို့နယ်လုံးတွင် အသုံးပြုနိုင်မည်ဖြစ်သည်။
အဆိုပါ ကိစ္စရပ်နှင့် စပ်လျဉ်း၍ ဂျပန်၊ ကိုရီးယား၊ ဩစတြေးလျမှ ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်းပြီး အချက်အလက်များ ကောက်ယူကာ နည်းပညာများ ပံ့ပိုပေးနေသည့်အပြင် ဂျပန်နိုင်ငံက ထုတ်ချေးထားသည့် မြန်မာကျပ်ငွေ သန်း ၂,၀၀၀ ကို နိုင်ငံတော်မှ ထည့်ဝင်ငွေကြေးများဖြင့် ပူးပေါင်းပြီး တည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်သွားမည်ဟု ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန၊ ရေနှင့်သန့်ရှင်းမှုမှ လက်ထောက်ဌာနမှူး ဦးဝေလွင်ကို ပြောကြားသည်။
မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ရေဆိုးစွန့်ထုတ်စက်ရုံကို ၂၀၀၅ ခုနှစ်တွင် ဗိုလ်တထောင်မြို့နယ် သန်လျက်စွန်းရှိ မြေဧက ၅ ဒသမ၂၄ ဧက ပေါ်တွင် တည်ဆောက် အသုံးပြုနေပြီး မြို့တွင်း ခြောက်မြို့နယ်နေ ပြည်သူများမှ စွန့်ထုတ်လိုက်သည့် ရေဆိုးများ၊ မိလ္လာများအား အတိုင်းအတာ တစ်ခုအထိ သန့်စင် လျှော့ချနိုင်ပြီးမှ ရန်ကုန်မြစ်တွင်းသို့ ပြန်လည် စွန့်ထုတ်သည်။
Ref : Myanmar Times
Photo Credit : Oil Seed Crops
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ