By ဝေယံမြင့်, Shweproperty.com
Updated at 11 March 2013
ရန်ကုန်တိုင်းဒေသကြီးအတွင်း၁၃၇၄ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ရေကစားမဏ္ဍလ် များဆောက်လုပ်ရေကစားလိုသည့်ကမ္ပဏီများနှင့် သံရုံးများအပါအဝင်အဖွဲ့အစည်းများအနေဖြင့် မတ်၆ရက်မှစပြီးမတ်၁၅ရက်နောက်ဆုံးထားပြီး မဏ္ဍပ်နေရာများလျှောက်ထားနိုင်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှသိရသည်။
သင်္ကြန်မဏ္ဍပ်များတည်ဆောက်ခွင့်ပြုရာတွင် မဏ္ဍပ်မမျက်နှာစာအရှည်ပေါ်မူတည်၍ ပေ၁၀၀နှင့်အထက်ကိုမဏ္ဍပ်ကြီးအနေဖြင့်လည်းကောင်း ပေ၅၀အောက်ကိုမဏ္ဍပ်သေးအနေဖြင့်လည်းကောင်း ခွင့်ပြုချထားပေးမည်ဖြစ်ကြောင်း မဏ္ဍပ်များလျှောက်ထားရာတွင်တာဝန်ခံမည့်သူ ကိုယ်တိုင်လျှောက်ထားကြရမည်ဖြစ် ပြီးထပ်ဆင့်လက်ပြောင်းလက်လွှဲရောင်းချပါကရောင်းချသူနှင့်ဝယ်သူ တို့က ိုအရေးယူသွားမည်ဖြစ်ကြောင်း မဏ္ဍပ်နေရာချထားရေးဆပ်ကော်မတီမှသိရသည်။
ယခုနှစ်သင်္ကြန်မဏ္ဍပ်များကို ယာဉ်ကြောပိတ်ဆို့နိုင်သည့်နေရာများတွင် တည်ဆောက်ခွင့်ပြုမည်မဟုတ်ဘဲ ကန်တော်ကြီးတစ်ဝိုက် နှင့်ကမ္ဘာအေးဘုရားလမ်း၊ပြည်လမ်းများ၌ယခင်နှစ်များကဲ့သို့ခွင့်ပြုသွားရန်ရှိကြောင်း အထက်ပါကော်မတီမှသိရသည်။
ရေကစားမဏ္ဍပ်တည်ဆောက်ရန်အတွက် လျှောက်လွှာများကိုသက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူး၊ခရိုင်အုပ်ချုပ်ရေးမှူးမှတစ်ဆင့် ရန်ကုန်ဒေသကြီးအစိုးရအဖွဲ့၂၀၁၃မတ်၁၅ရက်နေ့ နောက်ဆုံးထားလျှောက်ထားရမည် ဖြစ်ကြောင်းသိရသည်။
Source :Ref:ဈေးကွက်ဂျာနယ်(အမှတ်-၈၀၆,မတ်လ ၁၄ရက်၊၂၀၁၃ ခုနှစ်)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ