By Kumudra, Shweproperty.com
Updated at 8 April 2018
ရန်ကုန်မြစ်ရဲ့ အနောက်ဘက်တစ်ခုလုံးကိုဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်မှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ ပြောကြားချက်အရ ၄င်းဒေသတွေမှာ အိမ်ခြံမြေဈေးကွက် ဦးမော့လာနိုင်ဖွယ်ရှိကြောင်း အိမ်ခြံမြေ အကျိုးဆောင်တွေဆီကသိရပါတယ်။
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက'မြန်မာနိုင်ငံမှာ အိမ်ခြံမြေလုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံလိုသူတွေများစွာရှိပါတယ်၊ အိမ်ခန်း လိုချ င် သူတွေ ရာနဲ့ချီ၊ ထောင်နဲ့ချီ၊ သိန်းနဲ့ချီရှိပါတယ်၊ ဒီ အခွင့်အရေးဟာ စီးပွားရေးလုပ်ငန်း ရင်းနှီးမြှုပ်နှံလုပ် လိုသူတွေ အတွက်အခွင့်ေ ကာင်း ပဲဖြစ်ပါတယ်၊ ဒီ ၂၀၁၈ ခုနှစ်ကနေစပြီး ရန်ကုန်တိုင်းအတွင်းမှာ ရန်ကုန်မြစ်ရဲ့အနောက်ဘက်ကမ်းဒေ သတစ်ခုလုံးဖွံ့ဖြိုးတိုး တက်အောင်ဆော င်ရွက်မယ့်နှ စ်ဖြစ် ပါတယ်လို့ ပြောပါတယ်။
စီမံကိန်းဧရိယာတွေဖော်ဆောင်ရင် အရေးကြီးတာက မြေနေရာဖြစ်ပြီး မြေနေရာလိုအပ်ချက်တွေအပြင် စီမံကိန်းအပြီးဒေသဖွံ့ဖြိုး တိုးတက်မှု ရှိလာပါက အိမ်ခြံမြေဈေးကွက်အတွက်လည်း ကောင်းမွန်လာနိုင်ပါတယ်။
အရင်ကာလတွေက မြို့သစ်အပါအဝင် စီမံကိန်းဧရိယာတွေဖော်ဆောင်ရင် အဲသည်နေရာတွေ ဈေးကွက်ဖြစ်ထွန်းလေ့ရှိတယ်လို့ ရန်ကုန်တို င်းဒေသကြီး အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်းရှင် များအသင်းက တာဝန်ရှိသူတစ်ဦးကလည်း ပြောပါတယ်။
Ref : Kumudra Photo Credit : Shutterstock Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ