By 7Daydaily, Shweproperty.com
Updated at 24 August 2015
ရန်ကုန်မြို့ မြို့နယ် ကိုးမြို့နယ်မှ လူနေရပ်ကွက်များရှိ စည်ပင်ပိုင် မြေကွက် ၇၀ ကျော်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက လေလံတင်ရောင်းချမည်ဟု အင် ဂျင်နီယာနှင့် အဆောက်အအုံ ဌာနမှ သတင်းရရှိသည်။
ယခု လေလံတွင် မြို့တွင်း မှ မြေကွက် အနည်းငယ်သာ ပါဝင်ပြီး မြို့စွန်များမှ မြေကွက် အများစုကို ဌာနကအဓိကလေလံ တင်ရောင်းချမည်ဖြစ်ကာ ဩဂုတ် ၂၇ နှင့် ၂၈ ရက်တွင် ရန်ကုန်မြို့တော်ခန်းမ၌ လေလံပွဲပြုလုပ် ရောင်းချမည်ဖြစ်သည်။
လေလံတင်မည့် မြေများ တွင် ပေ ၄၀ × ၆၀၊ ပေ ၁၅၀ × ၈၀ အထိ အကျယ်အဝန်းမြေများ ပါဝင်ပြီး သာကေတ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ မြောက်ဥက္က လာပ အစရှိသည့် မြို့စွန်မြေကွက်အများစုဖြစ်ကာဌာနတွင်း ဘတ်ဂျက်လိုငွေမြင့်မားနေ၍ လေလံတင်ရောင်းချကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော် မတီဝင်တစ်ဦးက ပြောသည်။
လေလံတင် ရောင်းချမည့် မြေကွက်များသည် လူနေရပ် ကွက်အတွင်းတည်ရှိပါက ပိုင်ရှင် အမည်ပေါက်အဖြစ် ချထားပေး မည်ဖြစ်ပြီး ယခုလေလံပွဲမှာ မြေ ကွက် အရေအတွက်များသော ကြောင့် လူစိတ်ဝင်စားမှုများနိုင် သည်ဟု အင်ဂျင်နီယာနှင့် အဆောက်အအုံ ဌာနမှ အဆင့် မြင့်အရာရှိတစ်ဦးက ပြောကြားသည်။
ယခုနှစ်အတွင်း ရန်ကုန်မြို့ တော်စည်ပင်က အချက်အချာကျ သည့် မြို့တွင်းမြို့နယ်များမှ မြေ ဧကကျယ်သည့် မြေခုနစ်ကွက်ကို ပထမဆုံးအကြိမ် တင်ဒါခေါ်ယူခဲ့ ဖူးပြီး ဒုတိယအကြိမ်အဖြစ် မြို့ စွန်လေးမြို့နယ်မှ မြေကွက်အချို့ ကို လေလံတင် ရောင်းချထား သည်။ တတိယ အကြိမ်အဖြစ် ပြီးခဲ့သည့်လက စည်ပင်ပိုင် မြေ ကွက်အချို့ကို ရောင်းချခဲ့ပြီး ယခု စတုတ္ထအကြိမ်သည် မြို့တော်စည်ပင်၏ မြေကွက်အရေအတွက်အများဆုံးကို လေလံခေါ်ယူမှုဖြစ်သည်။
ယခုလေလံတွင် လေလံ အာမခံကြေးအဖြစ် မြေကွက် အမျိုးအစားပေါ်မူတည်ပြီး အ နည်းဆုံးကျပ်သိန်း ၃၀ မှ အများဆုံး ကျပ်သိန်း ၁,၀၀၀ အထိအာမခံ စပေါ်ငွေပေးသွင်းရမည် ဟု သတ်မှတ်ထားသည်။
၂၀၁၄ စည်ပင်မှ ခေါ်ယူ သည့် လေလံများတွင် ပြည်လမ်း နှင့် မင်းရဲကျော်စွာလမ်းထောင့်ရှိ စည်ပင်ပိုင်အဆောက်အအုံသစ် ငါးလုံး၌ ဈေးဝယ်စင်တာဖွင့်လှစ် ရန် လုပ်ငန်းရှင်ခြောက်ဦးက ကျပ် ၄၈ ဘီလီယံဖြင့် လေလံ အောင်ခဲ့သည်။
Ref : 7DaysDaily
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ