By နန်းမြင့်, Shweproperty.com
Updated at 5 December 2013
ရန်ကုန် မြစ်ကမ်းတစ်လျှောက် အဆောက်အအုံ ဆောက်လုပ်ရာတွင် ကမ်းပါးမှ ၂၅ ပေခွာ၍ ဆောက်လုပ်ရန် သတ်မှတ်လိုက်ပြီဖြစ်သည်ဟု ဆောက် လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ် ဦးစီး ဌာနမှ မြို့ပြစီမံကိန်းရေးဆွဲပညာရှင်၊ ညွန်ကြားရေးမှူး ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာမှူးကြီး ဒေါ်လှိုင်မော်ဦးက ပြောသည်။
ယင်းသို့ ပြောကြားခြင်းမှာ ဒီဇင်ဘာလ ၃ ရက်က ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီတွင် ကျင်းပသည့် ရန်ကုန်မြို့၏ မြို့နယ်အလိုက် အဆိုပြု မြို့မြေအသုံးချမှုနှင့် အဆောက်အအုံ တည်ဆောက်မှုဇုန်များ အများပြည်သူ ဆွေးနွေးပွဲတွင် ဖြစ်သည်။
ယင်းသို့ မြစ်ကမ်းဘေးတွင် ၂၅ ပေချန်၍ ဆောက်လုပ်ခိုင်းခြင်းမှာ အများပြည်သူ လမ်းလျှောက်နိုင်စေရန်အတွက် ဖြစ်သည်ဟုလည်း ဒေါ်လှိုင်မော်ဦးက ပြောသည် ။
''သူများနိုင်ငံတွေလို ပေ ၃ဝ၊ ၅ဝလောက် သတ်မှတ်ချင်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေ၊ အာဏာရှိသူတွေဘက် ကြည့်ရပါတယ်။ ဒါကြောင့်အနည်းဆုံး ၂၅ ပေ ချန်ပေးဖို့ တောင်းဆိုတာဖြစ်တယ်။ ၂၅ ပေ မဖြစ်မနေသတ်မှတ်လျှင် ယင်းမြစ်ကမ်းပါးတစ်လျှောက် လမ်း လျှောက်လို့ ရပါမယ်။ နောက်ကနေ ဂိုက် လိုင်းပေးတဲ့အခါမှာ ရှေ့က လုပ်သွားတဲ့ သူတွေ အဆေင်ပြေစေဖို့ ပြန်ကြည့်ရတဲ့ အတွက် ၂၅ ပေ သတ်မှတ်ခဲ့တာပါ''ဟု ၎င်းက ပြောသည်။
ယင်းသို့ မြစ်ကမ်းတစ်လျှောက် ၂၅ ပေ ချန်၍ ဆောက်ရန် ရန်ကုန်မြို့ပြ မဟာဗျူဟာစီမံကိန်းတွင် ရေးဆွဲ သတ် မှတ်ထားခြင်းဖြစ်သည်။ ရန်ကုန်မြို့ပြ မဟာဗျူဟာစီမံကိန်းကို ၂ဝ၁၁ ခုနှစ်တွင် စတင်ရေးဆွဲခဲ့ပြီး ၂ဝ၁၃ ခုနှစ်၊ နိုဝင်ဘာတွင် အပြီးသတ် ရေးဆွဲနိုင်ခဲ့သည်။ ယင်းစီမံကိန်းတွင် ရန်ကုန်မြို့အတွက် မြို့ပြအသုံးချမှုဇုန် ၁၁ ခု ပါဝင်သည်။
မြို့ပြမြေအသုံးချမှုဇုန်များ သတ်မှတ် ရခြင်းသည် ရန်ကုန်မြို့၏ရေရှည်တည်တံ့ သော ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင် နိုင်ပြီး မြို့နေလူထု၏ လူမှုဘဝပတ်ဝန်း ကျင် တင့်တယ်မြင့်မားစေရန် မြို့ပြ ဆောင်တာများ ဟန်ချက်ညီညီလည်ပတ် နိုင်ရန်နှင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံ သူများ၏ စိတ်ဝင်စားမှုကို ရေရှည် ထိန်းသိမ်းနိုင်ရန်အတွက်ဖြစ်သည်။
Ref : Mizzima
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ