By Myanmar Times, Shweproperty.com
Updated at 13 February 2015
ရန်ကင်းမြို့နယ်ရှိ Golden City အဆင့်မြင့်အိမ်ရာစီမံကိန်း၏ ဒုတိယအဆင့်ဖြစ်သည့်အခန်းပေါင်း၅၆၀ ပါဝင်သည့် လူနေအဆင့်မြင့် ကွန်ဒိုတိုက်ခန်းကို ဇန်နဝါရီလ ၃၁ ရက်နေ့တွင် စတင်မိတ်ဆက်ကာ အရောင်းဖွင့်လှစ်ခဲ့သည်။
အဆိုပါ စီမံကိန်းသည် နိုင်ငံခြားရင်းနှီးမြှုပ် နှံမှု အများဆုံးပါဝင်ထားသည့် နိုင်ငံတကာ အဆင့်မီအဆင့်မြင့် လူနေအဆောက်အအုံ များ၊ ရုံးခန်းများ၊ ဈေးဝယ်စင်တာများနှင့် ဟိုတယ်များပါဝင်သည့်Mixed Use Development ကို ၂၀၁၄ ခုနှစ်၊ မတ်လတွင်စတင် မိတ်ဆက်ခဲ့သည့် ရန်ကုန်မြို့၏ကြီးမားသည့် ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုဖြစ်သည်။
လက်ရှိတွင် Golden City စတင် မိတ် ဆက်ခဲ့သည့်အချိန်မှ စီမံကိန်းတွင် ပါဝင် သည့် အထပ် ၃၃ထပ်အမြင့်ရှိသော လူနေ အဆောက်အအုံနှစ်လုံးရှိ အခန်းများကို ရောင်းချနေခြင်းဖြစ်သည်။
"ကျွန်တော်တို့ ဒီစီမံကိန်းကြီးတစ်ခုလုံး ကို စတင်မိတ်ဆက်ပြီး စီမံကိန်းထဲမှာပါဝင်တဲ့ ပထမအဆင့်လူနေအဆောက်အအုံက အခန်း တွေကို ရောင်းခဲ့တာပါ။ အခုဆိုရင် ပထမ အဆင့်အဆောက်အအုံက အခန်းအများစုက ရောင်းချပြီးပါပြီ။ အဲဒါကြောင့် ဒုတိယအဆင့် အဆောက်အအုံကအခန်းတွေကို မိတ်ဆက် ပြီး ရောင်းချတာပါ" ဟု Golden City ၏ အမှုဆောင်အရာရှိချုပ်Jeffrey Lu က ပြောသည်။ ကုမ္ပဏီက စတင်မိတ်ဆက်ရောင်းချခဲ့ သည့် အဆိုပါ ဒုတိယအဆင့်လူနေအဆောက် အအုံ၏ ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ သန်း ၈၀ ခန့်ကုန်ကျမည်ဖြစ်ပြီးအဆောက်အအုံပြီးစီးမည့်ကာလမှာ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ပထမအဆင့် အဆောက်အအုံမှာ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလတွင် ဦးစွာပြီးစီးမည် ဖြစ်သည်။ထို့ပြင် အဆိုပါ အဆောက်အအုံမှ အခန်းများကို ဝယ်ယူထားသူများသည် စီမံကိန်းကြီးတစ်ခုပြီးစီးသည် အထိစောင့်ဆိုင်းရန်မလိုအပ်ပဲ အဆောက်အအုံ ပြီးစီးသည့် အချိန်တွင် နေထိုင်နိုင်မည်ဖြစ်ကြောင်း Jeffrey Lu က ပြောသည်။
အခန်းဈေးနှုန်းများမှာ တစ်စတုရန်းပေ လျှင် အမေရိကန် ဒေါ်လာ ၂၈၀ မှ ၃၀၀ အတွင်း ဖြစ်ကာအခန်းအကျယ်မှာ စတုရန်း ပေ ၅၁၇ မှ ၁,၅၁၆ အထိ ရှိသည်။ "၂၀၁၆ ခုနှစ်မှာ ပထမအဆင့်စီမံကိန်း ပြီးစီးသွားရင်တော့ ပြည်တွင်း အိမ်ခြံမြေဈေးကွက် လိုအပ်ချက်ရဲ့ အတိုင်းအတာတစ်ခုထိတော့ ဖြည့်ဆည်းပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြီးခဲ့ တဲ့ နှစ်အတွင်း မှာ ရန်ကုန်မြို့ရဲ့ ရုံးခန်းငှားရမ်း မှုက ၈၀ ရာခိုင်နှုန်း၊ ကြယ်ငါးပွင့်အဆင့် ဟိုတယ် အခန်းငှားရမ်းမှုနှုန်းက ၇၀ ရာခိုင် နှုန်းနဲ့ လူနေတိုက်ခန်း ငှားရမ်းမှုနှုန်းက ၅၀ ရာခိုင်နှုန်းလောက်မြင့်တက်လာတာကို တွေ့ရလို့ပါ" ဟု ကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦး က ပြောသည်။
သို့သော် မြန်မာနိုင်ငံ၏ ရုံးခန်းနေရာရရှိနိုင်မှုသည် မလေးရှားနိုင်ငံနှင့်နှိုင်းယှဉ်ပါက ယင်းနိုင်ငံ၏ ရုံးခန်းနေရာရရှိနိုင်မှု၏ နှစ်ရာခိုင်နှုန်းခန့်သာရှိပြီး ဟိုတယ် အခန်းရရှိနိုင်မှုနှုန်းမှာ ဘန်ကောက်နှင့်နှိုင်းယှဉ်ပါက အဆိုပါမြို့၏ ငါးရာခိုင်နှုန်းခန့်သာ ရရှိနိုင် ကြောင်း Jeffrey Lu က မြန်မာတိုင်း(မ်)ကို ပြောသည်။
"မြန်မာနိုင်ငံက လိုအပ်မှုနှုန်းမြင့်လာပေ မယ့် ဖြည့်စွမ်းနိုင်မှုနှုန်းကတော့ အိမ်နီးချင်းနိုင်ငံတွေနဲ့ယှဉ်ရင် နည်းနေပါသေးတယ်"ဟု ၎င်းက ပြောသည်။ စီမံကိန်းတစ်ခုလုံးကို ၂၀၁၇ ခုနှစ် နှစ်ကုန် ပိုင်းတွင် အပြီးသတ်နိုင်ရန် စီစဉ်ထားပြီး စုစု ပေါင်းရင်းနှီးမြှုပ်နှံငွေ အမေရိကန်ဒေါ်လာ သန်း ၂၃၀ ခန့်ဖြင့် အထပ် ၃၃ထပ်ရှိသော လူနေအဆောက်အအုံ၊ အခန်း ၂၀၀ ခန့် ပါသည့် ကြယ်ငါးပွင့် ဟိုတယ် တစ်လုံး၊ ဈေးဝယ် စင်တာ၊ ရုံးခန်းများနှင့် ဝန်ဆောင်မှုပါ အငှားအိမ်ခန်းများ ပေါ်ထွက်လာမည်ဖြစ်သည်။
Ref : Myanmar Times
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ