By ကုမုဒြာ, Shweproperty.com
Updated at 25 June 2013
ရွာသာကြီးနဲ့ ဒဂုံဆိပ်ကမ်းဘက်မှာ အိမ်ခြံမြေဝယ်မယ်ဆိုရင် သိထားသင့်တဲ့အချက်တွေကို အိမ်ခြံမြေအသင်းပြန်ကြားရေးတာဝန်ခံ၊ ရွှေကံမြေ အိမ်ခြံမြေအကျိုးဆောင်မှ ဦးခင်မောင်အေးက အခုလို ရှင်းပြပါတယ်။
ရွာသာကြီးဘက်မှာ ဝယ်မယ်ဆိုရင် လယ်မြေတွေ ရှိမယ်။ လယ်မြေတွေကို ဝယ်မယ်ဆိုရင် စလစ်ကို ကြည့်ရပါမယ်။ စလစ်ကို ကြည့်တဲ့အခါ လယ်သမားပိုင်ဆိုင်မှု မှန်မမှန် လယ်သမားစလစ်ကို ကြည့်ရမှာ ဖြစ်ပါတယ်။ စစ်ဆေးမယ်ဆိုရင် သက်ဆိုင်ရာ ရယကနဲ့ မြေတိုင်းမြေစာရင်းရုံးမှာ ကြည့်ရမှာ ဖြစ်ပါတယ်။ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ဝယ်မယ်ဆိုရင်တော့ ပါမစ်မြေနဲ့ ဂရန်မြေတွေ ရှိပါမယ်။ အိုးအိမ်ပါမစ်ဆိုရင် အိုးအိမ်မှာ သွားရောက် စစ်ဆေးရမှာဖြစ်ပြီး စည်ပင်နဲ့ သက်ဆိုင်တဲ့ ပါမစ်ဆိုရင်တော့ စည်ပင်ရဲ့ ပါမစ်ဌာနမှာ ကြည့်ရှုရမှာဖြစ်တယ်။ ဒဂုံဆိပ်ကမ်းစက်မှုဇုန်မြေဆိုရင်တော့ ဂရန်မြေများပြီး ပါမစ်နဲ့ ဂရန်နှစ်မျိုးရှိတယ်လို့ သိရပါတယ်။ Ref : ကုမုဒြာ
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ