By Myanmar Times, Shweproperty.com
Updated at 22 October 2015
မန္တလေးမြို့နှင့် စစ်ကိုင်းမြို့ကို ဆက်သွယ်ထားသော ဧရာဝတီမြစ်ကူးတံတား (ရတနာပုံ) စီမံကိန်းနှင့် လွတ်ကင်းသော မန္တလေးဘက်ကမ်းက လယ်ယာမြေများပြန်ရရေးအတွက် သက်ဆိုင်သူတောင်သူများက ကြိုးစားနေပြီး ယခုအခါ ထိုလယ်ယာမြေများကို လာရောက် ဝယ်ယူသူများရှိနေကြောင်း အဆိုပါတောင်သူများကပြောသည်။
အဆိုပါ လယ်ယာမြေများ ပြန်ရရေးအတွက် တောင်သူများက သက်ဆိုင်ရာ တရားဝင် ခွင့်ပြုချက်ဖြင့် ပြီးခဲ့သောနှစ်က နှစ်ကြိမ်တိုင် ဆန္ဒဖော်ထုတ်ခြင်း၊ သမ္မတ အပါအဝင် အခြားသက်ဆိုင်ရာဌာန အသီးသီး သို့ စာပေးပို့ တိုင်ကြားခြင်းများ၏ ကြိုးပမ်း နေသော်လည်း အကြောင်းတစ်စုံတစ်ရာ ထူးခြားမှုမရှိသေးကြောင်း၊ သို့သော် ၎င်းတို့ လယ်ယာမြေ ပြန်ရရှိပြီအထင်ဖြင့် လာရောက် ဝယ်ယူသူများရှိကြောင်း လယ်ယာသိမ်းခံထားရသူ တောင်သူကိုမိုးနောင်က ယခုလ ၁၂ ရက်တွင် ပြောသည်။
"ဒီတံတားတစ်ဖက်တစ်ချက်မှာ စီမံကိန်းနဲ့လွတ်နေတဲ့ ကျွန်တော်တို့တောင်သူတွေရဲ့ လယ်ယာမြေ ၁၁ ဧက ရှိပါတယ်။ ဒီနှစ်ထဲမှာပဲ ကျွန်တော့်ဆီကို လာဝယ်တဲ့သူ လေးဦးလောက် ရှိပါတယ်။ သူတို့က ကျွန်တော်တို့ အသိမ်းခံထားရတာကို ပြန်ရပြီးပြီလို့ ထင်နေကြတာ။ တကယ်တော့ ကျွန်တော်တို့က ပြန်မရသေးဘူး၊ ကိုယ့်မြေကိုယ်ပြန်ရဖို့ ဘယ်တော့မှ လက်လျှော့မှာမဟုတ်ပါဘူး" ဟု ကိုမိုးနောင်ကပြောသည်။
သိမ်းဆည်းမြေများနှင့် ပတ်သက်၍ ၂၀၁၄ ခုနှစ်၊ ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် ဆောက်လုပ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က ဖြေကြားခဲ့ရာတွင် ဧရာဝတီတံတား (ရတနာပုံ) တည်ဆောက်စဉ်က မြေ ၅၆ ဒသမ ၃၈ ဧက သိမ်းဆည်းကြောင်း ဖော်ပြထားသော်လည်း မန္တလေးဘက် ကမ်း၌ တံတားအူကြောင်း ဘေး ဝဲယာတစ်ဖက်တစ်ချက်တွင် အမှန်တကယ် သိမ်းဆည်းမြေဧရိယာ ၁၄ ဒသမ ၄၂ ဧကဖြစ်ကြောင်း၊ မူလပိုင်ရှင်များကို ဧရိယာ ၉ ဒသမ ၄၆ ဧကပြန်ပေးအပ်နိုင် ရန် မန္တလေးခရိုင် မြေအသုံးချမှုစီမံခန့်ခွဲရေး ကော်မတီကအသေးစိတ်စိစစ်ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်ပေးသွားမည်ဟုပါရှိသည်။
Ref : Myanmar Times
Photo Credit : Myanmar Times
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ