By 7 Day Daily, Shweproperty.com
Updated at 2 January 2019
ရန်ကုန်မြို့တော်စည်ပင် သာယာရေးနယ်နိမိတ်အတွင်း အဆောက်အအုံဆောက်လုပ်ခွင့် လျှောက်ထားရာတွင် မြေပုံ၊ မြေ ရာဇဝင်မူရင်း (Certified Map) တင်ပြရန် မလိုတော့ကြောင်း အင်ဂျင်နီယာဌာန(အဆောက်အအုံ) က ကြေညာသည်။
ယခင်က အဆောက်အအုံ ဆောက်လုပ်ရာတွင် မြို့ပြစီမံ ကိန်းနှင့် မြေစီမံခန့်ခွဲရေးဌာနက တစ်နှစ်အတွင်း ထုတ်ပေးထား သည့် မြေပုံ၊ မြေရာဇဝင်မူရင်း (Certified Map) နှင့် နယ်နိမိတ် တိုင်းတာသတ်မှတ်မြေပုံ (Dem- arcation Map) တို့ တင်ပြရန် သတ်မှတ်ခဲ့သည်။
သို့သော် ၂၀၁၉ ဇန်နဝါရီ ၂ ရက်က စ၍ မြို့ပြစီမံကိန်းနှင့် မြေ စီမံခန့်ခွဲရေးဌာနက တစ်နှစ်အ တွင်းထုတ်ပေးထားသည့် နယ်နိ မိတ်တိုင်းတာ သတ်မှတ်မြေပုံ (Demarcation Map) တစ်မျိုး တည်းသာ တင်ပြရန် လိုကြောင်း အင်ဂျင်နီယာဌာန(အဆောက်အ အုံ)က ကြေညာထားသည်။
‘‘လုပ်ငန်းကြန့်ကြာမှုတွေ လျော့အောင်ဆိုတဲ့ ရည်ရွယ်ချက် နဲ့ ဖြေလျှော့ပေးလိုက်တဲ့ သဘော ပါပဲ’’ဟု ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
အဆောက်အအုံ ဆောက် လုပ်ရန် မြေပုံဖိုင်နှစ်ခုဖွင့်လှစ်ကာ အဆင့်ဆင့်တင်ပြရန် မလိုတော့ ဘဲ အဆောက်အအုံဆောက်လုပ် ရေးလုပ်ငန်းများ မြန်ဆန်စွာလုပ် လာနိုင်မည်ဖြစ်၍ ယင်းဖြေလျှော့ မှုကို ကြိုဆိုကြောင်းဆောက်လုပ် ရေးလုပ်ငန်းရှင်အချို့ကဆိုသည်။
‘‘ရုံးလုပ်ငန်းပိုင်းတွေလည်း ပိုမြန်သွားမှာပေါ့။ အရင်ကဆို ဖိုင်နှစ်ခုနဲ့ အဆင့်ဆင့်သွားနေရတာ အလုပ်လည်း ပိုရှုပ်တယ်။ မြေပုံ ထုတ်ပေးတဲ့ရက်ကိုလည်း မြန်မြန်ဆန်ဆန်လုပ်ပေးစေချင်တယ်’’ ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးလားဇာထွန်းက ပြောသည်။
လက်ရှိတွင် မြေပုံထုတ်ပေး သည့်ကာလသည် လျှောက်ထား ပြီး နှစ်ပတ်အတွင်း ဆိုသော်လည်းပြဿနာရှိပါကနှစ်နှင့်ချီကြာမြင့်တတ်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်အချို့ကဆိုသည်။
ဆောက်လုပ်ခွင့် တင်ပြရာ တွင် မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေးဌာန၏တစ်နှစ်အတွင်း ထုတ်ပေးသည့် မြေပုံသက်တမ်းအစား၂ နှစ်အတွင်း ထုတ်ပေးသည့်မြေပုံဟူ၍ ပေးသင့်ကြောင်း ၎င်းတို့က ပြောသည်။
‘‘မြေပုံထုတ်ပြီးမှ အကြောင်းကြောင်းကြောင့် အဆောက်အအုံ ဆောက်ဖို့မဖြစ်နိုင်တဲ့အခါမှာ သက်တမ်းပြည့်သွားလို့ နောက် တစ်ကြိမ်မြေပုံပြန်ထုတ်ရတာမျိုး တွေ ရှိတတ်တော့ မြေပုံသက်တမ်းတိုးပေးနိုင်ရင် ပိုအဆင်ပြေမယ်’’ ဟု ဦးလားဇာထွန်းက ပြောသည်။
Ref & Photo Credit : 7 Day Daily
Posted : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ