By The Kumudra, Shweproperty.com
Updated at 17 December 2015
ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီက တည်ဆောက်တဲ့ အဆောက်အုံ (၄) လုံးကို လက်ငင်းငွေချေစနစ်နဲ့ ရောင်းချပေးမယ်လို့ သိရပါတယ်။ "နိုင်ငံတော်က တိုက်ခန်း၊ မြေကွက် ရရှိပြီးသူတွေကို ရောင်းချပေးမှာ မဟုတ်ပါဘူး" လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ တာဝန်ရှိသူက ပြောပါတယ်။ ရောင်းချမယ့် အဆောက်အအုံတွေကတော့ ရှစ်ခန်းတွဲ ခြောက်ထပ်တိုက်၊ အဆောက်အအုံ လေးလုံးဖြစ်ပါတယ်။ အာရ်စီအမျိုးအစားဖြစ်ပြီး စတုရန်းပေ ၄၉၀ (၁၄ ပေ × ၃၅ ပေ) ရှိကာအခန်းပေါင်း ၁၉၂ ခန်းကို အထပ်အလိုက် တန်ဖိုးသတ်မှတ်ပြီး လက်ငင်းစနစ်နဲ့ ရောင်းချပေးမယ်လို့ သိရပါတယ်။ ရောင်းချပေးမယ့် အခန်းတန်ဖိုးတွေကတော့ ပထမထပ်မှ စတင်ကာ တစ်ခန်းကို ကျယ် (၁၇၄) သိန်း၊ ဒုတိယထပ်ကို ကျပ် (၁၅၃) သိန်း၊ တတိယထပ်ကို ကျပ် (၁၃၅) သိန်း၊ စတုတ္ထထပ်ကို ကျပ် (၁၃၃) သိန်း၊ ပဉ္စမထပ်ကို ကျပ် (၁၂၂) သိန်း၊ ဆဠမထပ်ကို ကျပ် (၁၀၉) သိန်း နဲ့ ရောင်းချမှာ ဖြစ်တယ်လို့ သိရပါတယ်။ ရောင်းချမယ့် တိုက်ခန်းအရေအတွက်ထက် လျှောက်ထားသူအရေအတွက် များရင် မဲစနစ်နဲ့ ရောင်းချပေးမယ်လို့ သိရပါတယ်။
Ref : The Kumudra
Photo Credit : mmbiztoday
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ