By The Trade Times, Shweproperty.com
Updated at 2 September 2015
ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီက အထပ်နိမ့်၊ အထပ်မြင့် အဆောက်အအုံများကို တစ်နှစ်လျှင် အလုံးရေ ၁,ဝဝဝ ခန့် တိုးကာ ဆောက်လုပ်ခွင့်ပေးလျက် ရှိကြောင်း သိရသည်။
အဆိုပါ ကော်မတီအနေဖြင့် အထပ်နိမ့် အဆောက်အအုံများ ထက် အထပ်မြင့် အဆောက်အအုံ များအတွက် ဆောက်လုပ်ခွင့်ပေး သည့် အရေအတွက်မှာ တစ်နှစ် ထက် တစ်နှစ်ပိုမိုများပြားပြီး တစ်လ လျှင် အလုံးရေ ၈ဝဝ နှင့် ၉ဝဝ ကြား ခွင့်ပြုပေးလျက် ရှိကြောင်း သိရသည်။
”မြို့ပြ ဖွံ့ဖြိုးလာတာနဲ့ နေထိုင် မှု ပုံစံကအစ ပြောင်းလဲလာကြ တယ်။ မြေနေရာကလည်း အရင် ထက်ကို ရှားပါးလာတဲ့အတွက် အထပ်မြင့်တွေကို ခွင့်ပြုပေးရတာ ပါ။ လိုအပ်ချက်ပြည့်မီဖို့ ခွင့်ပြုပေးရ တဲ့အတွက် တစ်နှစ်ထက်တစ်နှစ် ခွင့်ပြုပေးတဲ့ အလုံးရေ တိုးလာတာ ပါ”ဟု ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ (အင်ဂျင် နီယာ) အဆောက်အအုံ ဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြော သည်။
၎င်းကော်မတီက ၂ဝ၁၁- ၂ဝ၁၂ ခုနှစ်၌ အထပ်နိမ့်၊ အထပ် မြင့် အဆောက်အအုံများအတွက် ခွင့်ပြုပေးခဲ့သည့် အဆောက်အအုံ အလုံးရေပေါင်း ၁,၈၇၆ လုံး၊ ၂ဝ၁၂-၂ဝ၁၃ ခုနှစ်တွင် ခွင့်ပြု အလုံးရေ ၃,ဝ၄၆ လုံး၊ ၂ဝ၁၃- ၂ဝ၁၄ ခုနှစ်၌ ခွင့်ပြုအလုံးရေ ၃,၉၂၈ လုံး ရှိပြီး ၂ဝ၁၄ ခုနှစ် သြဂုတ်လအထိ ခွင့်ပြုမှုပေါင်း ၃,၄၇၆ လုံး၊ ၂ဝ၁၅-၂ဝ၁၆ ဇူလိုင်လအထိ အဆောက်အအုံ ၈,ဝဝဝ ကျော် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
”ပြည်သူက ကျွန်တော်တို့ကို ဖိအားပေးနေတယ်ဆိုပြီး ပြောကြ တယ်။ ဖြေလျှော့ပေးဖို့ တင်ပြတာ တွေလည်းရှိတယ်။ အရပ်စာချုပ် ဆို အစဉ်အဆက် ခွင့်မပြုခဲ့ပေမယ့် အခု ခွင့်ပြုပေးခဲ့တယ်။ ခွင့်ပြုပေး ပြန်တော့လည်း အဆင့်တိုးပြီး သုံးထပ် ခွင့်ပြုတာကို ပိုတင်ပြီး လေးထပ်၊ ငါးထပ်ဆောက်လာ ကြတယ်။ အဲဒါကြောင့် ပြင်းပြင်း ထန်ထန် ဒဏ်ရိုက်တယ်။ ကျွန် တော်တို့အနေနဲ့ လုပ်ပေးနိုင်တာ ဆို တစ်ခါတည်းနဲ့ လုပ်ပေးနေ တယ်။ တင်ပြလာသူတွေရဲ့ အခက် အခဲဆိုရင်လည်း နားထောင်ပေး ပြီး ဖြေရှင်းပေးပါတယ်”ဟု ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော် မတီ၊ အင်ဂျင်နီယာ (အဆောက် အအုံ) ဌာနမှ ဌာနမှူးဦးသန်းဌေး က ပြောသည်။
အထပ်နိမ့် အဆောက်အအုံ ဆောက်လုပ်ခြင်း၊ အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ခြင်း နှင့် ခြံစည်းရိုး ကာရံခွင့်ပြုခဲ့ခြင်း များနှင့် ပတ်သက်၍ ၂ဝ၁၁-၂ဝ၁၂ ခုနှစ်တွင် အရေအတွက် ၂,ဝဝ၅၊ ၂ဝ၁၂-၂ဝ၁၃ ခုနှစ်တွင် အရေ အတွက် ၃,၁၈၇၊ ၂ဝ၁၃-၂ဝ၁၄ တွင် ၄,ဝ၈၅ ရှိခဲ့ပြီး ၂ဝ၁၄-၂ဝ၁၅ ခုနှစ် ဇူလိုင်လအထိ အဆောက် အအုံပေါင်း ၈,ဝဝဝ ကျော်အထိ ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
စည်းကမ်းချက်များနှင့် မညီ သဖြင့် တရားစွဲဆိုထားသည့် အမှု များကို ဖြေလျှော့ပေးခြင်းနှင့် ပတ် သက်၍ ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၄ ခုနှစ် အထိ ခရိုင်လေးခုတွင် အဆောက် အအုံပေါင်း ၁,၁၈၈ လုံးခန့်ကို အရေးယူမှု ဖြေလျှော့ပေးခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ၏ စာရင်းများအရ သိရသည်။
ယနေ့အထိ သတိပေး လက် မှတ်ရေးထိုးခဲ့သည့် ကန်ထရိုက်တာ ၆၉ ဦး၊ လုပ်ကိုင်ခွင့် လိုင်စင်ကို တစ်နှစ် ရုပ်သိမ်းခံရသည့် လိုင်စင်ရ ကန်ထရိုက်တာ ရှစ်ဦး၊ အမည်ပျက် စာရင်းသွင်းခံရသူ လိုင်စင်ရ ကန် ထရိုက်တာ ၁၂ ဦး၊ လိုင်စင်ရ အင်ဂျင်နီယာ သုံးဦး၊ အကန့် အသတ်မရှိ လိုင်စင်ပိတ်သိမ်းခံ ရသည့် လိုင်စင်ရ ကန်ထရိုက်တာ တစ်ဦးရှိကြောင်း စည်ပင်သာယာ စာရင်းများအရ သိရသည်။
Ref : The Trade Times
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ