By The Trade Times, Shweproperty.com
Updated at 29 June 2015
ရန်ကုန်မြို့တော် စည်ပင်သာ ယာရေး ကော်မတီပိုင် မြေကွက်လွတ် များကို ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ ချထားပေးရာတွင် မြို့ပြဖွံ့ဖြိုးရေး အတွက် မည်သူ့ကိုမျှ အပိုင်ပေးခြင်း မရှိဘဲ BOT စနစ်ဖြင့်သာ နှစ်ရှည် ငှားရမ်းပေးနေကြောင်း ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော်မတီ မှ သတင်းရရှိသည်။ ”ဘယ်သူ့ကိုမှ အပိုင်ပေးလိုက် တာ မရှိပါဘူး။ ကျွန်တော်တို့အနေနဲ့ မြို့ပြဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ပြီး အငှားချပေးထားတာပဲ ရှိပါတယ် ”ဟု မြေယာဌာနမှ ဒုဌာနမှူး ဒေါက်တာ တိုးအောင်က ပြောသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေး ကော်မတီမှ အုပ်ချုပ်နေသည့် နယ်နိမိတ်မှာ မြို့နယ်ပေါင်း ၃၃ မြို့ နယ်၊ အကျယ်အဝန်း ၃ဝ၆ စတုရန်း မိုင်ရှိပြီး ယင်းဧရိယာအတွင်း နေထိုင် သူ ၅ ဒသမ ၂၁ သန်း ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။ ရန်ကုန်မြို့တော် စည်ပင်သာ ယာရေး ကော်မတီ နယ်နိမိတ် အတွင်းရှိ အချို့သော မြေကွက်လွတ် များမှာ သက်ဆိုင်ရာ ဌာနဆိုင်ရာ အသီးသီးမှ ရယူပိုင်ဆိုင်ထားသည့် မြေကွက်လွတ်များ၊ တပ်မတော်မှ ပိုင်ဆိုင်သည့် မြေကွက်လွတ်များ၊ ပုဂ္ဂလိကပိုင် မြေကွက်လွတ်များနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာ ရေး ကော်မတီပိုင် မြေကွက်လွတ်များ ဟူ၍ ခေါင်းစဉ်အမျိုးမျိုးဖြင့် ရယူ ထားကြပြီး ဝန်ကြီးဌာနအသီးသီးမှ မိမိတို့၏ အစီအစဉ်ဖြင့် ဖွံ့ဖြိုးရေး လုပ်ငန်းများကို လုပ်ဆောင်လျက် ရှိနေသည်။ ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီ ဧရိယာအတွင်း မြို့တော်စည်ပင်ပိုင် မြေကွက်လွတ် များ၏ အကျယ်အဝန်း၊ ထိုမြေကွက် လွတ်များကို ပုဂ္ဂလိက လုပ်ငန်းရှင် များသို့ မည်သို့သောစနစ်ဖြင့် လွှဲ ပြောင်းလုပ်ကိုင်ခွင့် ပြုထားသည် ဆိုခြင်းနှင့် ပတ်သက်၍ The Trade Times ၏ မေးမြန်းချက်ကို ဒေါက်တာ တိုးအောင်က ”အဲဒါကတော့ ပြောရ ခက်တယ်။ စည်ပင်ပိုင်မြေကလည်း နည်းနည်းပဲ ရှိတယ်။ စည်ပင်မြေကို ပုဂ္ဂလိကို ပေးလိုက်တာလည်း ရှိပါ တယ်။ ဧရိယာ အတိအကျပြောဖို့ ခက်တယ်။ Data တွေကို ပြန်ပြီး ပြုစု ရဖို့လည်း ရှိတယ်”ဟု ပြောသည်။ စည်ပင်ပိုင် မြေများကို ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ လွှဲပြောင်းချထား ရာတွင် တည်ဆောက်-လုပ်ကိုင်လွှဲပြောင်း သည့် စနစ် (Build, Operate, Tranfer-BOT) ဟူသည် မှာ ကနဦး နှစ် ၅ဝ၊ ထပ်တိုး ၁ဝ နှစ် နှစ်ကြိမ်စီဖြင့် စုစုပေါင်း နှစ် ၇ဝ ငှားရမ်းပေးသည့် စနစ်ဖြစ်သည်။ ”တပ်ပဲပိုင်ပိုင်၊ စည်ပင်ကပဲ ပိုင်ပိုင် နောက်ဆုံးတိတိကျကျ ပြောရ ရင် ပြည်သူပိုင်မြေပဲ။ နာမည်သာ ကွဲကြတာ။ BOT နဲ့ ချပေးတယ် ဆိုရင်လည်း အနာဂတ် ပြည်သူ အကျိုးအတွက်ဆိုရင် လက်ခံလို့ ရပါ တယ်။ ဥပမာ ရှန်ဂရီလာဟိုတယ် ဆိုတာ စည်ပင်အပိုင်၊ နှစ်ရှည် သူ့ကို ငှားထားတယ်။ ပြီးရင် သူ ပြန်အပ်ရ မယ်။ BOT နဲ့ ချပေးတော့မယ်ဆိုရင် ခင်ဗျား ဘယ်လောက်မြတ်မယ်၊ ခင်ဗျား ဘယ်လောက်ရမယ်ဆိုတာ ကို တွက်ချက်ပြနိုင်ရမယ်။ Future Plan ကြည့်ပြီး ငှားတဲ့ နှစ်ကို ပြန် သတ်မှတ်မယ်။ အခုငှားနေတဲ့ နှစ် ၅ဝ လည်း မပေးသင့်ပါဘူး” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ကော်မတီဝင် (၇) ဦးခင် လှိုင်က The Trade Times နှင့် သီးခြားတွေ့ဆုံစဉ် ပြောသည်။ ကနဦး နှစ် ၅ဝ ငှားရမ်းပေး ကာ ထပ်တိုး ၁ဝ နှစ် နှစ်ကြိမ် စုစု ပေါင်း နှစ် ၇ဝ ကို BOT စနစ်ဖြင့် ငှားရမ်းလုပ်ကိုင်ခွင့် ပြုခဲ့ခြင်းသည် နောင် အနာဂတ်တွင် ပိုင်ဆိုင်မှု ဆိုင်ရာ ပြဿနာများကို ဖြစ်ပွားစေ နိုင်သည့်အပြင် ခေတ်မီမြို့ပြဖွံ့ဖြိုး ရေးအတွက် လုပ်ငန်းများအား တိုးချဲ့ ရာတွင်လည်း မြေနေရာရှားပါးမှု ပြဿနာများ ဖြစ်ပွားစေသည့် အတွက် BOT စနစ်ဖြင့် မြေနေရာ များကို ငှားရမ်းမည်ဆိုပါက ပညာရှင် များနှင့် တိုင်ပင်ကာ ရေရှည်အကျိုး တွက်ချက်ပြီးမှသာ ငှားရမ်းပေးရန် လိုအပ်ကြောင်း အိမ်ခြံမြေအရေး စိတ်ဝင်စားသူများက သုံးသပ်အကြံ ပြုကြသည်။ Ref : The Trade Times Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ