By 7daydaily, Shweproperty.com
Updated at 29 January 2016
ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီပိုင်ကွန်ဒိုစီ မံကိန်းများထဲမှ ကျန်ရှိနေသည့်အ ခန်းများကို ဆက်လက်ရောင်းချ မည်ဖြစ်ကြောင်း အင်ဂျင်နီယာနှင့် အဆောက်အအုံဌာနက သတင်းထုတ်ပြန်သည်။
စုစုပေါင်းကွန်ဒိုစီမံကိန်းငါး ခုမှ ရောင်းချရန်ကျန်ရှိနေသေး သည့်အခန်းများကို ဆက်လက် ရောင်းချမည်ဖြစ်သည်။
မင်္ဂလာတောင်ညွန့်မြို့နယ် မြန်မာ့ဂုဏ်ရည်လမ်းရှိ ရွှေမြယာ (၂)အဆင့်မြင့်အိမ်ရာ၊ အလုံမြို့ နယ် ကမ်းနားလမ်းနှင့် သစ်တော လမ်းထောင့်ရှိ River View Point Codominium ၊ အလုံမြို့နယ်၊ကမ်းနားလမ်းရှိ Shwe Zabu River View Complex၊ ရန်ကင်းမြို့နယ် ရန်ရှင်းလမ်းရှိ ရန်ကင်း အဆင့်မြင့်အိမ်ရာ၊ ရန်ကင်းမြို့နယ် မိုး ကောင်းလမ်းနှင့် အောင်ဇေယျ လမ်းထောင့်ရှိ ရွှေမိုးကောင်းအ ဆင့်မြင့်အိမ်ရာတို့မှ ရောင်းချရန် ကျန်ရှိသည့်အခန်းများကို စိတ်ဝင် စားသူတိုင်းလာရောက်စုံစမ်းဝယ် ယူနိုင်ကြောင်း သတင်းထုတ်ပြန် ချက်တွင်ဖော်ပြပါရှိသည်။
စည်ပင်မှ ဆောက်လုပ် ရောင်းချသည့် ကွန်ဒိုတိုက်ခန်း များမှာ ပုဂ္ဂလိက ဆောက်လုပ်သည့် အခြားအဆင့်မြင့် ကွန်ဒိုတိုက်ခန်းများထက် ဈေးနှုန်းအနည်းငယ်သက်သာပြီး ဈေးကစားလိုသူအချို့က အဓိကစိတ်ဝင်စားသဖြင့် လာရောက်ဝယ်ယူသူများပြားကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့တော်စည်ပင်မှ အခန်းပေါင်း ငါးဆယ်ခန့် ရောင်းချရန် ကျန်ရှိနေသေးပြီး ထပ်မံတည်ဆောက်မည့် အဆင့်မြင့်အိမ်ရာ စီမံကိန်းများမှ အခန်းပေါင်းများစွာရောင်းချရန် ထပ်မံကြေညာမည်ဖြစ်ကြောင်း သိရသည်။
အိမ်ရာစီမံကိန်းများ၏ တန် ဖိုးမှာတစ်ပေပတ်လည်ဖြင့်တွက် ချက်၍ ပေကျယ်အခန်းများဖြစ် သောကြောင့် အနည်းဆုံးကျပ် သိန်းနှစ်ထောင်မှစတင်ပြီး စာချုပ် ချုပ်ဆိုသည်မှအခန်းလွှဲပြောင်းရ ယူသည်အထိ ရာခိုင်နှုန်းဖြင့် ငွေပေးသွင်းရမည်ဖြစ်သည်။
YCDC ပိုင် မြေကွက်များ တွင် ပုဂ္ဂလိက ကုမ္ပဏီ ၁၁ ခုနှင့် အကျိုးတူပူးပေါင်းတည်ဆောက် နေသည့်အဆင့်မြင့်ကွန်ဒိုအိမ်ရာ စီမံကိန်း ၁၁ ခုရှိကြောင်း သိရသည်။
Ref : 7daydaily
Photo Credit : skyscrapercity
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ