By 7daydaily, Shweproperty.com
Updated at 28 August 2015
ရန်ကုန်မြို့တော်စည်ပင် ပိုင်မြေကွက် ၇၀ ကျော် လေလံပစ်ရန် သတ်မှတ်ထားသည့် ရက် ကို ရွှေ့ပြောင်းလိုက်ပြီး ယင်းအတို့အနက် ကန့်ကွက်ထားသော မြေကွက်ကို ဆိုင်းငံ့သဘောဖြင့် လေလံစာရင်းတွင် ထည့်သွင်းမည်မဟုတ်ကြောင်း အင်ဂျင်နီ ယာနှင့် အဆောက်အအုံဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြော သည်။
မြေကွက်များကို ယခင်သြ ဂုတ် ၂၇ နှင့် ၂၈ ရက်များတွင် လေလံပစ်မည်ဟု ကြေညာခဲ့ သော်လည်း မြို့တော်ခန်းမတွင် နေရာအခက်အခဲ ရှိသောကြောင့် ရက်ရွှေ့ဆိုင်းလိုက်ကြောင်း အထက်ပါအရာရှိကဆိုသည်။
လေလံပစ်မည့် မြေကွက် ၇၄ကွက်အနက် တောင်ဒဂုံစက်မှု (၁)မှ (၁၄) ဧကကျော် မြေကွက်မှာ ပိုင်ရှင်ရှိသော မြေကွက်ဖြစ်နေပြီး မူလပိုင်ရှင်က ကန့်ကွက်သော ကြောင့် လေလံပွဲ၌ အဆိုပါမြေကွက်ကို ထည့်သွင်းတော့မည် မဟုတ်ကြောင်း သတင်းရရှိ သည်။ထို့ပြင် မြေကွက်အချို့မှာ လည်း မြေပိုင်ရှင်အမည်ပေါက်ရှိ သူများ၏ ကန့်ကွက်မှုများကြောင့် ပြန်လည်စိစစ်ရန် ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်ဟု လေလံပွဲ၌ ပါဝင်ရန် အာမခံကြေးတင်သွင်းထားသူလုပ်ငန်းရှင် တစ်ဦးက ပြော သည်။ ထို့ကြောင့် မူလကဌာနမှ ကြေညာခဲ့သည့် မြေကွက်အရေ အတွက် ၇၄ ကွက်ထက် လျော့ကျဖွယ်ရှိကြောင်း အထက်ပါ လုပ် ငန်းရှင်က သုံးသပ်သည်။
လေလံတင်မည့် မြေများ တွင် ပေ ၄၀×၆၀ မြေကွက်၊ ပေ ၁၅၀×၈၀ မြေကွက်များပါဝင်ပြီး သာကေတ၊ ရွှေပြည်သာ၊ တောင် ဒဂုံ၊ မြောက်ဥက္ကလာပအစရှိသည့် မြို့စွန်မြေကွက်အများစုဖြစ်ကာ ဌာနတွင်း ဘတ်ဂျက်လိုငွေမြင့်မားနေ၍လေလံတင်ရောင်းချမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင် တစ်ဦးက ပြောသည်။
လေလံတင် ရောင်းချမည့် မြေကွက်များသည် လူနေရပ် ကွက်အတွင်း တည်ရှိပါက ပိုင်ရှင်အမည်ပေါက်အဖြစ် ချထားပေး မည်ဖြစ်ပြီး ယခုလေလံပွဲမှာ မြေ ကွက် အရေအတွက်များသော ကြောင့် လူစိတ်ဝင်စားမှုများနိုင် ကြောင်း အင်ဂျင်နီယာနှင့် အ ဆောက်အအုံဌာန အဆင့်မြင့် အရာရှိတစ်ဦးက ပြောသည်။
ယခုနှစ်အတွင်း ရန်ကုန်မြို့ တော်စည်ပင်က အချက်အချာကျ သည့် မြို့တွင်းမြို့နယ်များမှ မြေ ဧကကျယ်သည့် မြေ ခုနစ်ကွက်ကိုပထမဆုံးအကြိမ် တင်ဒါခေါ်ယူခဲ့ ဖူးပြီး ဒုတိယအကြိမ်အဖြစ် မြို့ စွန်လေးမြို့နယ်မှ မြေကွက်အချို့ ကို လေလံတင်ရောင်းချထား သည်။ တတိယအကြိမ်အဖြစ် ပြီး ခဲ့သည့်လက စည်ပင်ပိုင်မြေ ကွက်အချို့ ရောင်းချခဲ့ပြီး ယခုစတုတ္ထ အကြိမ်သည် မြို့တော်စည်ပင် မြေကွက်အရေအတွက် အများဆုံးကို လေလံခေါ်ယူမှုဖြစ်သည်။
‘‘စည်ပင်မြေလို့ ရပ်ကွက်ထဲ က လူတွေ မသိတဲ့မြေတွေ အများကြီးပါတယ်။ တချို့က မြေတွေ လွတ်နေလို့ ကန်စွန်းခင်းတွေ စိုက်ထားကြတယ်။ မနေ့တစ်နေ့ကမှ ဆိုင်းဘုတ်တွေ လာထောင်သွား လို့ ရပ်ကွက်က သူတွေက အံ့သြ နေကြတာ’’ဟု မြောက်ဥက္ကလာပ မြို့နယ် နွယ်သာကီ ရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
Ref : 7daydaily
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ