By The Voice Weekly, Shweproperty.com
Updated at 28 April 2013
ရန်ကုန်မြို့တော်ရှိ လမ်းမတော်မြို့နယ် ခရေပင်လမ်းနှင့် မင်းရဲကျော်စွာ မြန်မာ့လယ်ယာ ထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးဝင်းအတွင်းရှိ အဆောက်အအုံအလုံး ၂၀ တွဲလိုက်ကိုဧပြီလ ၂၄ရက်နေ့က ကျပ်သိန်း ၇၆၀ လေလံတင်ရောင်းချခဲ့ကြောင်း၊ရန်ကုန်မြို့တော် စည်ပင်သာာယာရေးကော်မတီ (Y.C.D.C) အင်ဂျင်နီယာဌာန( အဆောက်အအုံ)မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါ အဆောက်အအုံသည် လမ်းမတော်မြို့နယ် ခရေပင်လမ်းနှင့် မင်းရဲ့ကျော်စွာလမ်းထောင့်တွင် တည်ရှိပြီး အဆောက်အအုံကိုုသာ ရောင်းချသော်လည်း လယ်ယာထွက်ကုန်ရောင်းဝယ်ရေးဝင်းကို လေလံတင် ရောင်းချမည်မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ရောင်းချမည့် အဆောက်အအုံများသည် အလျား ၁၆ ပေမှ ၂၈၀ ပေနှင့် အနံ ၁၀ပေမှ ၄၀ ကြားရှိ အဆောက်အအုံများဖြစ်ပြီး ဆန်နှင့် ဆေးဂိုဒေါင်များ အများစုပါဝင်ကြောင်း အဆိုပါဝင်းအနီးတွင် နေထိုင်သူများထံမှ သိရှိရသည်။
“ဝင်းထဲမှာ အနောက်ပိုင်းခရိုင် တရားရုံးဆောက်မယ်လို့တော့ကြားတယ်” ဟုမြန်မာ့လယ်ယာထွက်ကုန်ရောင်းဝယ်ရေးဝင်း အနီးတွင် နေထိုင်သူဦးအေးဟန်က ပြောကြားသည်။
မြန်မာ့လယ်ယာထွက်ကုန်ရောင်းဝယ်ရေးဝင်းရှိ အဆောက်အအုံများကို မည်သည့်အတွက်ကြောင့် ရောင်းချခြင်းနှင့် ဝင်းနေရာကို မည်ကဲ့သို့ အသုံးပြုမည်နှင့်ပတ်သက်၍ အသေးစိတ် ထုတ်ပြန်ထားခြင်းမရှိကြောင်း (Y.C.D.C) အင်ဂျင်နီယာဌာန (အဆောက်အအုံ)ထံမှသိရသည်။
အဆိုပါဆန်နှင့် ဆေးဂိုဒေါင်များကို မည့်သည့်ကုမ္ပဏီက လေလံဆွဲယူခဲသည်ကို The Voice က Y.C.D.C အင်ဂျင်နီယာဌာန (အဆောက်အအုံ) သို့မေးမြန်းရာ အသေးစိတ်ပြောကြားနိုင်ခြင်းမရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
Ref : The Voice Weekly
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ