By 7daydaily, Shweproperty.com
Updated at 28 November 2016
ရန်ကုန်မြို့တွင်းမြို့နယ် လေးခုရှိ အဓိကလမ်းမကြီး ၁၁ ခု ပေါ်တွင် ဈေးရောင်းချနေသည့် လမ်းဘေးဈေးသည်များအား နို ဝင်ဘာ ၃၀ ရက် နောက်ဆုံးထား ပြောင်းရွှေ့ရန်နှင့် ပြောင်းရွှေ့ခြင်း မရှိပါက ဒီဇင်ဘာ ၁ ရက်မှစတင် ၍ စည်ပင်ဥပဒေနှင့်အညီ ဖယ်ရှား ရှင်းလင်းမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက ကြေညာခဲ့သည်။
ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီသည် လမ်းဘေးဈေးသည်များ စနစ်တကျ ဈေးရောင်းချနိုင်ရန် နိုဝင်ဘာ ၂၃ ရက်တွင် ကမ်းနားလမ်းညဈေး တန်းကို စတင်ဖွင့်လှစ်ပေးခဲ့ပြီး ကမ်းနားလမ်း၌ ရောင်းချခွင့် ရှိသည့်ဈေးသည်များအား ကမ်း နားလမ်းသို့ လည်းကောင်း၊ ကျန် ဈေးသည်များအား သင့်လျော်ရာ လမ်းအတွင်းများသို့ လည်းကောင်း ပြောင်းရွှေ့ရန် အသိပေး ကြေညာ ထားခြင်းဖြစ်သည်။
ယင်းကဲ့သို့ အသိပေးကြေ ညာထားချက်ကို နိုဝင်ဘာ ၁၈ ရက်က လမ်းဘေးဈေးသည်များထံ ကြိုတင်ဖြန့်ဝေထားသော်လည်း အဆိုပါကြေညာချက်၌ မည်သည့်ရက်တွင် နောက်ဆုံးထားပြောင်း ရွှေ့ရန်ကို ထည့်သွင်းဖော်ပြထား ခြင်းမရှိပေ။
‘‘ဈေးသည်အားလုံး ဒီလကုန်(နိုဝင်ဘာ ၃၀ ရက်)နောက်ဆုံး ထားပြောင်းရွှေ့ရပါမယ်။ ဒီဇင် ဘာ ၁ ရက်ကစပြီး အရေးယူဖယ် ရှားခြင်းစလုပ်မယ်။ ကမ်းနား လမ်းပြောင်းရွှေ့ရမယ့် ဈေးသည် တွေကလည်း ရရှိထားတဲ့နေရာ ကို ပြောင်းရွှေ့ရောင်းရမယ်။ မ ရောင်းရင် မှတ်ပုံတင်ပြန်သိမ်း မယ်။ တခြားဈေးသည်တွေက လည်း လမ်းကြားတွေထဲ ဝင် ရောင်းဖို့ ကြေညာထားတယ်။ လမ်းမကြီးတွေပေါ်မှာတော့ အား လုံးဖယ်ပေးရမယ်’’ဟု ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော် မတီမှ တွဲဖက်အတွင်းရေးမှူး ဦး သန်းက 7Day Daily သတင်းစာ အား ပြောသည်။
ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီဝင် ဒေါ် သန်းမြင့်အောင်ကလည်း မြို့တွင်းမြို့နယ်လေးခုရှိ အဓိကလမ်း ၁၁ ခုပေါ်တွင် မည်သည့်ဈေးသည်မျှ မရှိအောင် ရှင်းလင်းဆောင်ရွက် မည်ဟု ညဈေးဖွင့်လှစ်သည့်အ ခမ်းအနား၌ ပြောကြားထားသည်။
ကမ်းနားလမ်းတွင် ဈေး ရောင်းချခွင့်ရရှိထားသည့်ဈေး သည် ၁,၆၀၀ ကျော်သည် လက်ရှိ ၌ ပြောင်းရွှေ့ရောင်းချနေသော် လည်း ပြောင်းရွှေ့ခြင်းမရှိသေး ဘဲ ကျန်ရှိဈေးသည် ၄,၀၀၀ကျော်မှာ လမ်းများအတွင်း ဝင်ရောက်ရောင်းချရန် အဆင်မပြေဘဲ ပြဿနာတက်လာမည်ဖြစ်ကြောင်း ဈေးသည်များကပြောသည်။
‘‘လမ်းထဲ ဝင်ရောင်းရင် အဆင်မပြေပါဘူး။ ရိုက်ပွဲတွေတောင် ဖြစ်လာနိုင်တယ်။ လမ်းတွေထဲမှာ ကားခဏလေးရပ်တာတောင် ရိုက်ပွဲတွေဖြစ်နေတာ။ ဒီ ပုံစံအတိုင်းဆို ပြဿနာတက်လိမ့်မယ်’’ဟု အနော်ရထာလမ်း(လမ်း ၃၀ထိပ်)တွင် ပိုက်ဆံအိတ်များ ရောင်းချသူ ကိုကျော်ကျော်က မှတ်ချက်ပြုသည်။
မြို့တွင်း မြို့နယ်လေးခု (ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်)တွင် လမ်း ဘေးဈေးသည် ၆,၀၀၀ ကျော်ရှိသော်လည်း ယခုဖွင့်လှစ်လိုက်သည့် ညဈေးတန်းမှာ ဈေး သည် ၁,၆၀၀ ကျော်အတွက်သာ နေရာရှိ၍ သစ်သီးသည်နှင့် စားသောက်ဆိုင်တို့ကို ဦးစားပေးနေရာချခဲ့ခြင်းဖြစ်သည်။
‘‘သူတို့(စည်ပင်သာယာ)အ နေနဲ့ ဈေးသည်တွေအားလုံးအ တွက် အကုန်အဆင်သင့်ဖြစ်ပြီဆို မှ ပြောင်းရွှေ့ဖို့လုပ်သင့်တယ်။ အခုဟာက ပြောင်းရွှေ့ခွင့်ရတဲ့သူ က ရတယ်။ ကျန်ခဲ့တဲ့သူတွေ လည်း အများကြီး။ ဒီလူတွေကို လမ်းမတွေပေါ်မှာ ရောင်းချခွင့် မပေးဘူး။ လမ်းတွေထဲ ဝင်ရောင်းဖို့ပြောတယ်။ လမ်းထဲမှာလည်း ဈေးသည်တွေက ရှိပြီးသားရယ်။ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး’’ဟု ဖိနပ်နှင့်အဝတ်အထည်များ ရောင်းချသူ ဦးခင်မောင်အေးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုး ရအဖွဲ့နှင့် မြို့တော်စည်ပင်သာ ယာရေးကော်မတီတို့ ပူးပေါင်း၍ မြို့တွင်း၌ ယာဉ်ကြောကျပ်တည်း မှုကို ဖြေရှင်းရန်၊ လမ်းဘေးပ လက်ဖောင်းပေါ်တွင် ပြည်သူများ လွတ်လပ်စွာ လမ်းလျှောက်ခွင့် ရရန်၊ ဈေးသည်များစိတ်ချလုံခြုံ စွာနှင့်သန့်ရှင်းစွာ ဈေးရောင်းချ နိုင်ရန် စသည်တို့အတွက် ညဈေး များ တိုးချဲ့ဖွင့်လှစ်မည်ဟု သတင်းရရှိသည်။
ဈေးရောင်းချခွင့်မရှိသည့် အဓိကလမ်းမကြီး ၁၁ ခုမှာ ဗိုလ် ချုပ်လမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်း၊ ကုန်သည် လမ်း၊ ကမ်းနားလမ်း၊ ပန်းဆိုး တန်းလမ်း၊ ဆူးလေဘုရားလမ်း၊ ရွှေတိဂုံဘုရားလမ်း၊ လသာလမ်း၊ လမ်းမတော်လမ်းနှင့် ဘုန်းကြီး လမ်းတို့ဖြစ်ကြောင်း ကြေညာ ထားသည်။
Ref & Photo Credit : 7daydaily
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ