By myanmarnewsweek, Shweproperty.com
Updated at 13 March 2013
မြေယာနှင့်ပတ်သက်သည့် လျှောက်ထားမှုများကို အွန်လိုင်းမှတဆင့်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်မှုဌာနမှ Online form Submission System (First Phrase) ပထမအဆင့်ကိုဆောင်ရွက်လျက်ရှိပြီး ယခုလိုလျှောက်ထားရာတွင် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ မြေစီမံခန့်ခွဲမှုဌာနအနေနဲ့ အများပြည်သူများကိုဝန်ဆောင်မှုပေးသည့်လုပ်ငန်းများမှ အမည်ပေါက်မှန်/မမှန်စစ်ဆေးခြင်း၊လျှောက်လွှာမြေပုံကူးအဆောက်အအုံ၊အကြီးစားပြင်ဆင်ခွင့်၊ လျှောက်လွှာမြေပုံကူးခြံစည်းရိုးကာရန်ခွင့် လျှောက်လွှာများ၊ မြေပုံကူးအဝီစိတွင်းခွင့် လျှောက်လွှာ၊ မြေပုံကူး ဘဏ်ငွေချေးခွင့်လျှောက်လွှာ နှင့် မြေပုံကူးမှတ်ပုံတင်အဖြစ်ထားရှိရန် လျှောက်လွှာအစရှိသည့်လျှောက်လွှာများကို အွန်လိုင်းမှတဆင့်လျှောက်ထား နိုင်ခြင်းဖြစ်ကြောင်းသိရသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ www.ycdc.com.mm သို့ လျှောက်ထားလိုသူများအနေဖြင့်ဆက်သွယ်လျှောက်ထားနိုင်ပြီ ဖြစ်သည်ဟုသိရသည်။
Ref:myanmarnewsweek Journal(14.3.2013)(Thursday)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ