By 7daydaily, Shweproperty.com
Updated at 12 May 2017
စည်ပင်သာယာပိုင်ဆိုင်သော မြေယာများပေါ်တွင် စီမံကိန်းများအကောင်အထည် ဖော်လုပ်ဆောင်နေခြင်းကို ဝင်ရောက်ဟန့်တား ကျူးကျော်နှောင့်ယှက်ပါက ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက မေလ ၄ ရက်တွင် အသိပေးကြေညာချက်ထုတ်ပြန်သည်။
ပြီးခဲ့သည့် အစိုးရသက်တမ်း အတွင်း အစိုးရအဖွဲ့၊ လွှတ် တော်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်စသည်တို့၏ အတည် ပြုခွင့်ပြုချက် များဖြင့် မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီပိုင်မြေများ၊ ကော်မတီ အမည်ဖြင့် မြေငှားဂရန်ခွင့်ပြု ချက်ချထားပေး သည့်မြေများနှင့် ကော်မတီစီမံခန့်ခွဲခွင့်ရှိသည့် မြေ များပေါ်တွင် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ရန် စည် ပင်သာယာနှင့် ပုဂ္ဂလိကကုမ္ပဏီ၊ အဖွဲ့အစည်းများအကြားသဘော တူစာချုပ်များ ချုပ်ဆိုခဲ့သည်။ ထို စာချုပ်များအတိုင်း စီမံကိန်းများ အကောင်အထည်ဖော် ရာတွင် ဒေသခံများနှင့် မြေယာပြဿနာ များ ထိပ်တိုက်တွေ့ကာ နှောင့် ယှက်ခံရမှုများရှိနေပြီး စီမံကိန်း ပျက်ပြားအောင် ဝင်ရောက်ကျူး ကျော် နှောင့်ယှက်လျှင် အရေးယူ မည်ဖြစ်ကာ အများသိအောင် အသိပေးကြေညာချက် ထုတ်ပြန် ခြင်းဖြစ်သည်ဟုမန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးအောင်ကျော် ထွန်းက ပြောသည်။
‘‘ဥပဒေအတိုင်း စာချုပ်တွေ ချုပ်ပြီးပြီ၊ MIC ခွင့်ပြုချက်တွေ ရပြီးပြီဆိုရင် ပရောဂျက်တွေက ဆက်သွားနေရတယ်။ ဆက်သွား တဲ့အခါမှာ ဟန့်တားတာတွေ၊ နှောင့်ယှက်တာတွေ၊ တားဆီး တာတွေ၊ မြေထဲဝင်ပြီးကျူးပြီး တော့မှ အိမ်တွေဆောက်တာတွေ တချို့နေရာတွေ မှာဖြစ်နေတယ်။ ဖြစ်နေတော့ ကျွန်တော်တို့က ဒါ တွေကို မလုပ်ပါနဲ့၊ လုပ်ရင် ဥပဒေအရ အရေးယူရပါလိမ့်မယ် ဆိုတာကို Public ကို Announce လုပ်လိုက်တာာပဲ။ အဓိကက တော့ဒါပဲ’’ ဟု ဦးအောင်ကျော်ထွန်းက ပြောသည်။
စည်ပင်သာယာနှင့် ပုဂ္ဂလိ ကကုမ္ပဏီကြား သဘောတူစာ ချုပ်အရ စီမံကိန်းများလုပ်ကိုင်ရာ တွင် ဒေသခံအချို့က ၎င်းတို့၏ ဓားမဦးချမြေ၊ ဘိုးဘွားပိုင်မြေများ အတင်းအကျပ်သိမ်းယူခံရခဲ့ရ သည်ဆိုကာ မြေနေရာမဖယ်ပေး ဘဲ ကျူးကျော်ဝင်ရောက်နေထိုင် သဖြင့် ဒေသခံများနှင့် ကုမ္ပဏီကြား ထိပ်တိုက်တွေ့မှုများရှိနေပြီး စည်ပင်သာယာက မြေရှင်အနေဖြင့် ပါဝင်နေ၍ စာချုပ်ပါစည်းကမ်းချက်များအတိုင်း ဥပဒေနှင့် အညီဆက်လက်လုပ်ကိုင်နိုင်ရန် ကြေညာချက်ထုတ်ပြန်ရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် စီမံကိန်းလုပ် ကိုင်ရန် စည်ပင်နှင့်ပုဂ္ဂလိက ကုမ္ပဏီတစ်ခုတို့ သဘောတူစာ ချုပ်ထားသည့် ရေတံခွန်တောင် ဂေါက်ကွင်းမြေနေ ရာနှင့် ပတ် သက်၍ အငြင်းပွားမှုများဖြစ်ပေါ် နေပြီး ဒေသခံများက ၎င်းတို့၏ မြေယာများ မတရားသိမ်းဆည်းခံ နေရခြင်းဖြစ်ကြောင်းနှင့် နစ်နာမှု အတွက် မြေယာများပြန်လည်ရ ယူလိုကြောင်း ဆန္ဒထုတ်ဖော် တောင်းဆိုလျက်ရှိသည်။
မြေယာများနှင့်ပတ်သက်၍ အမှန်တကယ်နစ်နာဆုံးရှုံးခဲ့ပါက ဒေသခံများအနေဖြင့် လယ်ယာ မြေနှင့် အခြားမြေများ သိမ်းဆည်း ခံရမှုများ ပြန်လည်စိစစ်ရေးကော် မတီသို့ တင်ပြကာ ဥပဒေနှင့်အညီ ပြန်လည်တောင်းခံနိုင်ပြီး စည်ပင် သာယာအနေဖြင့်လည်း အဆိုပါ ကော်မတီ ဆုံးဖြတ်ချက်များအ တိုင်း လိုက်နာမည်ဖြစ်ကြောင်း၊သို့သော် လက်ရှိအခြေအနေတွင် ဥပဒေ မဲ့ဝင်ရောက်ကျူးကျော်နှောင့်ယှက်ခြင်းများ မပြုလုပ်ရန်အသိပေးရခြင်းဖြစ်သည်ဟု ပြောသည်။
Ref : 7daydaily
Photo Credit : Social
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ