By ခိုင်ခိုင်စိုး၊ ဆွေမွန်, Shweproperty.com
Updated at 19 February 2014
ရေစီးရေလာ ကောင်းမွန်ရန် ဖွဲ့ စည်းလိုက်သည့် ရန်ကုန်မြို့တော် ရေစီးရေလာ ကောင်းမွန်ရေး ကော်မတီက ယခုနှစ် မိုးမကျမီ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကန ဦး အဆင့်အနေဖြင့် ဒဂုံမြို့သစ် မြို့နယ်များတွင် စတင်လုပ်ဆောင် တောမည့် ဖြစ်ကြောင်း ယင်းကော် မတီမှ သတင်းရရှိသည်။
ရန်ကုန်တိုင်းဒေသကြီး အ တွင်းရှိ မြို့နယ်များတွင် ရေစီး ရေလာကောင်းမွန်ပြီး ရေကြီးရေ လျှံခြင်းမှ ကာကွယ်နိုင်ရန် ဖွဲ့စည်း လိုက်သည့် ရန်ကုန်မြို့တော် ရေစီးရေလာ ကောင်းမွန်ရေး ကော်မတီသည် လာမည့် လေးလ အတွင်း အပြီးဆောင်ရွက်မည်ဖြစ် ရာ ဒဂုံမြို့သစ်လေးမြို့နယ်ကို ဦး စားပေးဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပို့ဆောင်ဆက်သွယ်ရေး နှင့် ဆောက်လုပ်ရေး ဆပ်ကော် မတီဥက္ကဋ္ဌရုံး လက်ထောက်ညွှန် ကြားရေးမှူး (စီမံ) ဦးရဲသူဝင်းက ပြောသည်။
''မိုးမကျခင်တော့ အပြီးလုပ် မှာပါ။ အခုလည်း အရေးတကြီး ဆောင်ရွက်နေပါတယ်။ ပြီးတော့ ဒဂုံမြို့သစ်တွေကို စတင်ဆောင် ရွက်တာက အဲဒီမြို့နယ်တွေကို ဆောင်ရွက်လိုက်တာနဲ့ တစ်မြို့ လုံးကိုလည်း အဆင်ပြေသွားမှာ ဖြစ်လို့ ဒဂုံမြို့သစ်တွေကို ဆောင် ရွက်တာပါ'' ဟု ၎င်းက ပြောသည်။
ဦးစားပေးဆောင်ရွက်ရာ တွင် ဒဂုံမြို့သစ်မြောက်ပိုင်း၊ အရှေ့ ပိုင်း၊ တောင်ပိုင်း၊ ဆိပ်ကမ်းမြို့ နယ်များကို အဓိကဆောင်ရွက် သွားမည်ဖြစ်ရာ အဆိုပါ မြို့နယ် လေးမြို့နယ်တွင် အဓိကရေစီး ရေလာ ကောင်းမွန်စေရန်နှင့် ရေ ထွက်ပေါက်များ ပြုပြင်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ ကော်မတီမှ သိရသည်။
ယင်းကော်မတီတွင် ပါဝင် သည့် သက်ဆိုင်ရာ ဝန်ကြီးဌာန များအလိုက် လိုအပ်သည့် စက် ပိုင်းဆိုင်ရာများကို ကူညီပေးသွား မည်ဖြစ်ရာ ဆောင်ရွက်ရမည့် လုပ် ငန်းများတွင် Box Culvert အ စီးရေ ၂,ဝဝဝ ကျော်၊ ရေတံခါး ၄ဝ ကျော်ကို ဆောင်ရွက်မည်ဖြစ် သည်။
ရေတံခါးအသစ် ခြောက် ခု၊ ပြုပြင်လဲလှယ်မည့် ရေတံခါး ၆၆ ခုနှင့် ရေမြောင်းနှင့် ရေဆင်းမြောင်းများ တူးဖော်ခြင်းကို ဆောင်ရွက်သွားမည်ဟု သတင်း ရရှိသည်။
အဆိုပါ ကော်မတီတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန၊ စွမ်းအင်ဝန် ကြီးဌာနနှင့် ရန်ကုန်မြို့တော်စည် ပင်သာယာရေး ကော်မတီတို့ ပါ ဝင်ဆောင်ရွက်မည်ဖြစ်ပြီး ဒဂုံမြို့ သစ်များတွင် စတင်လုပ်ဆောင် နေပြီဖြစ်ကြောင်း ဦးရဲသူဝင်းက ပြောသည်။
လက်ရှိတွင် ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော် မတီက ရန်ကုန်မြို့တွင်းရှိ မြို့နယ် များတွင် ရေစီးရေလာကောင်းမွန် ရေး လုပ်ကိုင်ဆောင်ရွက် မှုများကို ပိုမိုတိုးချဲ့လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။
Ref : 7days News
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ