By 7days daily, Shweproperty.com
Updated at 16 June 2014
အိမ်ခြံမြေဈေးကွက်တွင် ပြီးခဲ့သည့်နှစ်များနှင့်နှိုင်းယှဉ်ပါ က ယခုနှစ်သည် အရောင်းအဝယ် နည်းပါးသွားပြီး ဈေးမြင့်တက်မှုနှုန်းလည်း နည်းလာကြောင်း စိုင်းခွန်နောင် အိမ်ခြံမြေအကျိုး ဆောင်ကုမ္ပဏီ မန်နေဂျင်းဒါရိုက် တာ ဦးစိုင်းခွန်နောင်က ပြော ကြားသည်။
‘‘ဒီနှစ်ထဲမှာဆို အိမ်ခြံမြေ ဈေးတွေတက်တဲ့နှုန်းအရှိန်လျော့ သွားတယ်လို့ ပြောရမှာပဲ။ သတင်းအမျိုးမျိုးတွေကလည်း ထွက်နေတယ်လေ’’ဟု ဦးစိုင်းခွန်နောင်က ဆိုသည်။
အထူးသဖြင့် ပြီးခဲ့သည့်နှစ် က တန်ဖိုးကြီးအိမ်ခြံမြေဈေးနှုန်း ဆက်တိုက်မြင့်တက်လာခဲ့သော် လည်း ယခုနှစ်တွင် ဈေးနှုန်းမှာ ထင်သလောက် မမြင့်တက်လာ ဘဲ အရောင်းအဝယ်မှာ မဖြစ်သလောက်ရှားပါးပြီး အငှားအများစုသာ အလုပ်ဖြစ်နေကြောင်း ၎င်းက ဆိုသည်။
လူနေတိုက်ခန်းနှင့် မြေ ကွက်အချို့သာဈေးတက်ပြီး အရောင်းအဝယ်အများစု ဖြစ်သော်လည်း တန်ဖိုးကြီးအိမ်ခြံမြေအပိုင်း၌ ဈေးနှုန်းမြင့်တက်မှုမှာ နည်းပါးပြီး အရောင်းအဝယ်လည်း နည်းပါးကြောင်း မြမြင့်မိုရ် အိမ်ခြံမြေအကျိုးဆောင် မန်နေဂျာက သုံးသပ်သည်။
၂၀၁၃ ခုနှစ် အောက်တိုဘာ ၁ ရက်က စတင်ကျင့်သုံးခဲ့သည့် ဒေသအလိုက် တစ်ပေပတ်လည် အပေါ် စံနှုန်းသတ်မှတ်ပြီးနောက် အိမ်ခြံမြေ အရောင်းအဝယ်မှာ ဆက်တိုက်အေးစက်လာပြီး အစိုး ရက အိမ်ခြံမြေအပေါ်မည်ကဲ့သို့ ထိန်းချုပ်မည်ဆိုသည့် မူဝါဒကို လည်း အရောင်းအဝယ်လုပ်သူ များက စိတ်ဝင်စားနေကြသည်။
မြို့စွန်များတွင် တရားမဝင် ပိုင်ဆိုင်မှုမဲ့ မြေအထောက်အထား မပြသနိုင်သည့် ကျူးမြေ ကွက်များ အရောင်းအဝယ်ဖြစ် သည်မှလွဲပြီး မြို့စွန်များတွင် ဈေးနှုန်းမြင့်တက်ပြီး အရောင်းအဝယ်နည်းပါးကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ်မှ အိမ်ခြံမြေ အကျိုး ဆောင်လုပ်ငန်းရှင်တစ်ဦးက ဆို သည်။
ယခုနှစ်တွင် စီမံကိန်း အကြောင်းပြမြေဈေးမြင့်တက်သည့်နေရာမှာနည်းပါးပြီး အချက်အချာအကွက် အကွင်းကောင်းသည့်နေရာများကို အရောင်းအဝယ်ပြုလုပ်သူတို့က ခန့်မှန်းတွက်ဆ၍ ဝယ်ယူလာကြသည်ဟု အထက်ပါလုပ်ငန်းရှင်က ဆိုသည်။
ပြီးခဲ့သည့် သီတင်းပတ်က ပြည်ထောင်စု လွှတ်တော်တွင် အိမ်ခြံမြေဈေးကွက်အပေါ် ပိုင်ဆိုင်မှု အခွန်ကောက်ခံမည်ဟုဆိုပြီး အစိုးရက ပြောကြားလိုက်ပြီဖြစ်သောကြောင့် အိမ်ခြံမြေ လုပ်ငန်းရှင်များက အထူးစိတ်ဝင်စားလျက်ရှိပြီး အရောင်းအဝယ်အချို့ ပင်ရပ်ထားကြောင်း အကျိုးဆောင်များထံမှ သတင်းရရှိသည်။
Ref : 7Days Daily
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ