By mizzima, Shweproperty.com
Updated at 11 September 2014
နေအိမ်အဆောက်အအုံ ငှားရမ်းခြင်းမှ ရရှိသည့်ဝင်ငွေသည် ဝင်ငွေရရှိသူကသာ ထမ်းဆောင်ရမည့်အခွန် ဖြစ်ပြီး ငှားရမ်းသူကို ထပ်ဆောင်းကောက်ခံရန်မဟုတ်ဟု ပြည်တွင်းအခွန်များဦးစီးဌာနက စက်တင်ဘာ ၁၀ ရက်၌ ထုတ်ပြန်ကြေညာထားသည်။
နေအိမ်၊ အဆောက်အအုံ ငှားရမ်းခြင်းမှ ရရှိသည့်ဝင်ငွေသည် ဝင်ငွေခွန် (တိုက်ရိုက်ခွန်) အမျိုးအစားဖြစ်ပြီး နေအိမ်အဆောက်အအုံ ငှားရမ်းခြင်းမှ ရရှိသည့်ဝင်ငွေ ရရှိသူ(အိမ်ပိုင်ရှင်)သာလျှင် ထမ်းဆောင်ရမည့် အခွန်အမျိုးအစား ဖြစ်သည်။
မြေ၊ အဆောက်အအုံ ငှားရမ်းခြင်းမှ ဝင်ငွေအပါအဝင် လစာဝင်ငွေ၊ လစာဖြင့် မဟုတ်ဘဲ မိမိကျွမ်းကျင် သည့် ပညာရပ်များဖြင့် ရရှိသည့်ဝင်ငွေ၊ စီးပွားရေးလုပ်ငန်းရှင်များမှ ဝင်ငွေ၊ ဝင်ငွေရလမ်း တင်ပြနိုင်ခြင်း မရှိသော စည်းကြပ်မှုလွတ်ကင်းနေသော ဝင်ငွေ၊ အခြားရလမ်းမှ ဝင်ငွေတို့သည် ပြည်ထောင်စုအခွန် အကောက်ဥပဒေအရ ဝင်ငွေခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်များ ခံစားနိုင်ပြီး ဥပဒေပါပြဋ္ဌာန်းချက် အရ လည်း အခွန်နှုန်းထားများအတိုင်း ဝင်ငွေခွန်ထမ်း ဆောင်ရန်လိုသည်ဟု ဖော်ပြထားသည်။
အိမ်ခြံမြေ ငှားရမ်းခနှုန်းထားများ ကြီးမြင့်လျက်ရှိသည့် ရန်ကုန်မြို့၏ အိမ်ခြံမြေ ငှားရမ်းမှု ၈၀ ရာခိုင်နှုန်းသည် အခွန်ထမ်းဆောင်မှုနည်းပါးလျက်ရှိပြီး အခွန်ရုံးများ နှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးရုံးများနှင့် ပူးပေါင်းကာ အခွန်စိစစ်စည်းကြပ်ရန် ဇူလိုင်လမှ စတင်ဆောင်ရွက်နေသည်ဟု ပြည်တွင်း အခွန်များဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
အိမ်ခြံမြေငှားရမ်းခမှ ရရှိသည့်ဝင်ငွေကို စည်းကြပ်ကောက်ခံခြင်းသည် ငှားရမ်းခများ ပိုမိုမြင့်တက်လာနိုင် ကာ ကျသင့်မည့် အခွန်ကို ငှားရမ်းသူအား ထမ်းဆောင်စေခြင်းတို့သာ ဈေးကွက်အတွင်း၌ ဖြစ်ပေါ်လာနိုင်ပြီး ငှားရမ်းသူများကိုသာ ဝန်ထုပ်ဝန်ပိုးဖြစ်စေသည်ဟု အိမ်ခြံမြေလုပ်ငန်းရှင်များက သုံးသပ်ခဲ့သည်။
ပြည်တွင်းအခွန်များဦးစီးဌာနမှ အိမ်ခြံ မြေငှားရမ်းမှုများမှ ဝင်ငွေရရှိသူများကို အခွန်ရုံးများသို့ ဆက်သွယ် ရန် ဇွန်လအတွင်း စတင်နှိုးဆော်ခဲ့ပြီး မြန်မာကျပ်ငွေဖြင့် ငှားရမ်းသည့် အိမ်၊ ဆိုင်၊ မြေ၊ ဂိုဒေါင်၊ စက်ရုံ၊ အဆောက်အအုံများအပြင် နိုင်ငံခြားငွေဖြင့် ငှားရမ်းထားသည့် အဆောက်အအုံများလည်း ပါဝင်သည်။
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ