By မျိုးမင်းဦး, Shweproperty.com
Updated at 1 November 2013
ယင်းမာပင်မြို့အား ခရိုင်မြို့အ ဖြစ် တိုးမြှင့်သတ်မှတ်လိုက်သည့် နောက်ပိုင်း မြင့်တက်သွားသော ချင်းတွင်မြစ် တစ်ဖက်ကမ်းရှိ အိမ် ခြံမြေဈေးကွက်သည် အောက်တို ဘာလကုန်ပိုင်းတွင် ရောင်းလို အားများပြီး ဝယ်လိုအား လျော့နည်း သွားကြောင်း ယင်းမာပင်မြို့ ဒေသခံ အိမ်ခြံမြေရောင်းဝယ်သူ များက ပြောသည်။
''ခရိုင်အဆင့်မြို့ သတ်မှတ် လိုက်တဲ့အချိန်မှာ ယင်းမာပင်မြို့ ပေါ်က အိမ်ခြံမြေတွေ သာမက ဘူး။ အနီးပတ်ဝန်းကျင်က ယာ မြေတွေမှာ အရောင်းအဝယ် ပို ဖြစ်လာတယ်။ အိမ်ခြံမြေဈေးအ နေနဲ့ ပြန်ကြည့်တော့ နှစ်ဆ၊ သုံး ဆအထိ တက်သွားတယ်။ ခရိုင် အဆင့် ရုံးအဆောက်အအုံတွေ စီ မံကိန်း မစတင်သေးတာရော မြို့ ပတ်လမ်းဖောက်လုပ်မှုကလည်း လျာထားအဆင့်ပဲဆိုတော့ အိမ် ခြံမြေဝယ်ယူသူတွေက ဒီအချိန် မှာ အခြေအနေစောင့်ကြည့်နေတဲ့ အနေအထား ဖြစ်နေတယ်'' ဟု ယင်းမာပင်မြို့ အိမ်ခြံမြေရောင်း ဝယ်သူတစ်ဦးက ပြောသည်။
ယင်းမာပင်မြို့ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ''မြို့လယ် လမ်းမဘေးဆိုရင် အရင်နှစ်က ဈေးထက် နှစ်ဆတက်သွားတယ်။ ယာမြေတွေဆိုရင် အရင်နှစ်တုန်း က ကျပ် ခုနစ်သိန်းကနေ ဆယ် သိန်းကျပ်ဝန်းကျင်ရှိတဲ့ မြေတွေက အခုသိန်းတစ်ရာကျော်အထိ အ ရောင်းအဝယ်ဖြစ်တယ်။ မြေဝယ် သူတွေ စောင့်ကြည်တဲ့အချိန်ဆို ပေမယ့် အနီးပတ်ဝန်းကျင်က ယာ မြေတွေလည်း ကြိုက်ရောင်း ကြိုက် ဝယ်တော့ အရောင်းအဝယ် ဖြစ် လာတယ်။ မြေငှားခနှုန်းထား တွေ တော့ ဈေးငြိမ်သွားတယ်။ ခရိုင် ရုံးအဆောက်အအုံတွေ၊ မြို့ပတ် လမ်းဖောက်လုပ်မှုတွေ ပြီးစီးတဲ့ အချိန် စီမံကိန်း အနီးပတ်ဝန်းကျင် က မြေကွက်တွေ ဈေးခုန်တက် သွားနိုင်တယ်'' ဟု ဆိုသည်။
ယင်းမာပင်မြို့တွင် မြို့လယ် လမ်းမကြီးဘေး ပေ ၄ဝx၆ဝ မြေ ကွက်တစ်ကွက်လျှင် ယခင်ကျပ်သိန်း ၁ဝဝ၊ ၁၅ဝ ဝန်းကျင်ရှိပြီး ယခုကျပ်သိန်းသုံးရာကျော်၊ ယင်း မာပင်မြို့ပတ် လမ်းမဘေးပေ ၄ဝx ၆ဝ မြေကွက် တစ်ကွက်လျှင် ယခင်ကျပ် ဆယ် သိန်းကျော်သာရှိခဲ့ရာမှ ယခုကျပ်သိန်း ၃ဝ ဝန်းကျင်၊ မြို့ဆင်ခြေဖုံး ရပ်ကွက်များတွင် ယခင် နှစ်အတွင်းကျပ် ၁၅ သိန်း၊ သိန်း ၂ဝ ဝန်းကျင်မှ ယခု ကျပ်သိန်း ၅ဝ မှ ကျပ်သိန်း ၈ဝ အထိ ၊ အနီးပတ် ဝန်းကျင်ယာမြေတစ်ဧကလျှင် ယခင် ကျပ် ခုနစ်သိန်းမှ ၁ဝ သိန်း ဝန်းကျင်ရှိခဲ့ရာမှ ယခုကျပ်သိန်း ၁ဝဝ မှ ကျပ်သိန်း ၁၂ဝ ဝန်းကျင်အ ထိ ကြိုက်ရောင်းကြိုက်ဝယ်စနစ် ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ ကြောင်း သိရှိရသည်။
ဝါတွင်းကာလတစ်လျှောက် လုံး ခရိုင်မြို့အဆင့်တိုးမြှင့်သတ် မှတ်ပြီးချိန်တွင် အရောင်းသွက် ခဲ့သော အိမ်ခြံမြေများသည် အောက်တိုဘာလကုန် ရက်ပိုင်း အတွင်း အိမ်ခြံမြေဝယ်ယူသူ အ နည်းငယ်သာရှိပြီး မြေယာ ဝယ် ယူရန် လေ့လာသူ ပိုမိုများပြား လာကြောင်း ယင်းမာပင်မြို့ ဒေသ ခံ စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။
Ref : 7Days
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ