By Myanmar Builders Guide, Shweproperty.com
Updated at 22 March 2019
သင့်အနာဂတ်နေအိမ်သစ်ကို ဝယ်ယူနိုင်ဖို့ ရိုးမဘဏ် ဘဏ်ခွဲတိုင်းမှာ အခုဘဲ လွယ်ကူစွာ လျှောက်ထားလိုက်ပါ။ ရိုးမဘဏ် အိမ်ရာချေးငွေအတွက် ဆောင်ရွက်ပုံအဆင့်ဆင့်ကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။
အဆင့် (၁)
ရိုးမဘဏ်၏ အိမ်ရာချေးငွေရယူရန် နီးစပ်ရာ ရိုးမဘဏ်ခွဲသို့ ဆက်သွယ်၍ အိမ်ရာချေးငွေဝန်ထမ်းနှင့် အိမ်ရာချေးငွေ၊ ကနဦးခန့်မှန်းကုန်ကျငွေ၊ လစဉ်ပေးဆပ်ရမည့် ပမာဏ၊ အတိုးနှုန်းနှင့်လုပ်ငန်းစဉ်များအား နားလည်အောင်ဆွေးနွေးပါ။ရိုးမဘဏ်၏ အိမ်ရာချေးငွေ ကနဦးခွင့်ပြုပမာဏကို လျှောက်ထားရယူပါ။
အဆင့် (၂)
အိမ်ရာချေးငွေ ကနဦးခွင့်ပြုပမာဏရရှိပါက ခွင့်ပြုထားသော ပမာဏနှင့် ကိုက်ညီသော အိမ်ရာကို ရှာဖွေနိုင်ပါသည်။ချေးငွေလျှောက်ထားရန် လိုအပ်သော စာရွက်စာတမ်းများကို စတင်စုစည်းပါ။
အဆင့် (၃)
ရောင်းချသူနှင့်သဘောတူညီမှုရရှိလျှင် လျှောက်ထားသူနှင့် ရောင်းချသူဘက်မှ လိုအပ်သည့် စာရွက်စာတမ်းများနှင့် ရိုးမဘဏ်ခွဲသို့ လာရောက်လျှောက်ထားပါ။
အဆင့် (၄)
စာရွက်စာတမ်းပြည့်စုံပါက ရိုးမဘဏ်အိမ်ရာချေးငွေ ကျွမ်းကျင်သူမှ ရက်သတ္တပတ် (၂) ပတ်မှ (၃) ပတ်အတွင်း ရာဖြတ်ခြင်း၊ ပိုင်ဆိုင်မှုစစ်ဆေးခြင်း၊ ဝင်ငွေအထောက်အထားများ ပြုလုပ်ပြီး အိမ်ရာချေးငွေ ခွင့်ပြု၊ မပြုဆုံးဖြတ်ချက်ကိုရရှိပါမည်။
လျှောက်ထားသူနှင့် ရောင်းချသူထံမှလိုအပ်သောစာရွက်စာတမ်းများကိုလည်း အောက်မှာကြည့်ရှု့နိုင်ပါသည်။ လျှောက်ထားသူထံမှ လိုအပ်သော စာရွက်စာတမ်းများမှာ-
(၁) မှတ်ပုံတင်
(၂) အိမ်ထောင်စုစာရင်း
(၃) ရပ်ကွက်ထောက်ခံစာ
(၄) အလုပ်အကိုင်နှင့်လစာထောက်ခံချက်
(၅) ဘဏ်စာရင်း(ရှိလျှင်)
(၆) ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်ပါက လုပ်ငန်းသုံးချေးငွေ လိုအပ်ချက်အတိုင်း စာရွက်စာတမ်းများ ဖြစ်ပါသည်။
ရောင်းချသူထံမှ လိုအပ်သော စာရွက်စာတမ်းများမှာ-
(၃) မြေပုံ၊ မြေရာဇဝင်ပုံစံ ၁၀၅-၁၀၆
(၄) ပိုင်ဆိုင်မှုနှင့်ပတ်သက်သောဆက်စပ်စာချုပ်များ
(၅) ဂရန်မိတ္တူစာချုပ် (သို့) ဘိုးဘွားပိုင်မြေမိတ္တူ
(၆) မြေရှင်နှင့် ဆောက်လုပ်ရေးသဘောတူစာချုပ်မိတ္တူ
(၇) လူနေထိုင်ခွင့်မိတ္တူ
(၈) မြေရှင်မှ သဘောတူသိရှိကြောင်းထောက်ခံစာတို့ ဖြစ်ပါသည်။
နိုင်ငံတစ်ဝန်း မည်သည့်ဒေသ၌မဆို ဝယ်ယူနိုင်သော အိမ်ရာချေးငွေဖြစ်ပြီး အများဆုံးအိမ်ရာချေးငွေသက်တမ်း (၂၅) နှစ်အထိနှင့် အနည်းဆုံး ကနဦးပေးချေငွေ(တန်ဖိုး၏ ၃၀%သာ) ပေးသွင်းရမည့် လွယ်ကူရိုးရှင်းသော လုပ်ငန်းစဉ်များ ဖြစ်ပါတယ်။ တိုက်ခန်းအတွက် ကနဦးပေးချေငွေမှာ ၃၀%သာဖြစ်ပြီး အိမ်ရာချေးငွေသက်တမ်းမှာ ၁၅ နှစ်ဖြစ်ပါတယ်။ မီနီကွန်ဒိုနှင့် ကွန်ဒိုအတွက်ဆိုရင်တော့ ကနဦးပေးချေငွေမှာ ၃၀%သာဖြစ်ပြီး အိမ်ရာချေးငွေသက်တမ်းမှာ ၂၅ နှစ်ဖြစ်ပါတယ်။ ဒါ့အပြင် လုံးချင်းအိမ်အတွက်တွင်လည်း ကနဦးပေးချေငွေမှာ ၃၀%သာဖြစ်ပြီး အိမ်ရာချေးငွေသက်တမ်းမှာ ၂၅ နှစ်ဖြစ်ပါတယ်။
အထူး Promotion အနေနဲ့ ၁၂.၅%p.a. အတိုးနှုန်းသည် ပထမ ၁၂လ အတွက်သာ ဖြစ်ပြီး ချေးငွေသက်တမ်း၏ ကျန်လများအတွက် ပုံမှန်အတိုးနှုန်း ၁၃%p.a. အတိုင်း ပြန်လည်ကောက်ခံပါမည်။ Promotion ကာလမှာ ၂၀၁၉ ဇန်နဝါရီလ ၁၄ ရက်မှ မတ်လ ၂၉ ရက်အတွင်း အိမ်ရာချေးငွေအသစ် လျှောက်ထားသူများအတွင်သာအကျုံးဝင်ပါသည်။
သင့်ရဲ့ လစဉ်ဝင်ငွေနဲ့ ရိုးမဘဏ်အိမ်ရာချေးငွေ ရယူနိုင်ခြင်း ရှိမရှိကို gethomeloan.yomabank.com မှာ ဝင်ရောက်စစ်ဆေးနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Yoma Bank Call Center 9662 or +95 97-9662-9662.
Email: homeloans@yomabank.com / www.yomabank.com
No.192, Level 8, Office Tower 2, HAGL Myanmar Center Tower, Kabar Aye Pagoda Road, Bahan Township, Yangon, Myanmar.
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ