By Shwe Kyaw, Shweproperty.com
Updated at 31 March 2020
အိမ်ရာချေးငွေ အတိုးနှုန်း ၁၂ ဒသမ ၅ ရာခိုင်းနှုန်းကောက်ခံရာမှ ၁၁ ဒသမ ၅ ရာခိုင်ခိုင်နှုန်းသို့ လျှော့ချ သတ်မှတ်ခဲ့ကြောင်း ရိုးမဘဏ်က ယနေ့ မတ်လ ၃၁ ရက်နေ့တွင်ထုတ်ပြန်ကြေငြာခဲ့သည်။
ယင်းချေးငွေအတိုးနှုန်းပမာဏသည် ဧပြီလ (၁) ရက်နေ့မှ စတင်အကျုံးဝင်မည်ဖြစ်ကြောင်းကိုလည်း customer ကို ရိုးမဘဏ်က အသိပေးခဲ့သည်။
အတိုးနှုန်းပြင်ဆင်သတ်မှတ်ရန်အတွက် မတ်လ ၂၂ ရက်နေ့တွင် ဗဟိုဘဏ်က ညွှွှန်ကြားခဲ့ပြီး အဆိုပါ ညွှန်ကြားချက်အတိုင်း ပြင်ဆင်သတ်မှတ်ခြင်းဖြစ်ကြောင်း ရိုးမဘဏ်က ထုတ်ပြန်ခဲ့သည်။
ရိုးမဘဏ်က လက်ရှိချေးငွေလျှောက်ထားသူများနှင့် အသစ်လျှောက်ထားသူများအတွက် လုပ်ငန်းသုံးချေးငွေ လက်ရှိအတိုးနှုန်း ၁၂ ဒသမ ၅ ရာခိုင်နှုန်းအစား ၁၁ ဒသမ ၅ ရာခိုင်နှုန်း ၊ စာရင်းပိုထုတ်ချေးငွေ ၁၂ ဒသမ ၅ ရာခိုင်နှုန်းအစား ၁၁ ဒသမ ၅ ရာခိုင်းနှုန်း ၊အိမ်ရာချေးငွေ ၁၂ ဒသမ ၅ ရာခိုင်နှုန်းအစား ၁၁ ဒသမ ၅ ရာခိုင်နှုန်း နှင့် အာမခံပစ္စည်းမဲ့ချေးငွေ (Smart Credit Business / Smart Credit/ Salary Loan) လက်ရှိအတိုးနှုန်း ၁၅ ဒသမ ၅ ရာခိုင်နှုန်းအစား ၁၄ ဒသမ ၅ ရာခိုင်နှုန်း အသီးသီးပြင်ဆင်သတ်မှတ်ခဲ့ပြီး ၂၀၂၀ ဧပြီ ၁ ရက်နေ့မှ စတင်လျှောက်ထားမည့် အငှားဝယ်ယူစနစ် (HP) ၁၃ ရာခိုင်နှုန်းအစား ၁၁ ဒသမ ၅ ရာခိုင်နှုန်းသို့ သတ်မှတ်ခဲ့ကြောင်းသိရသည်။
ယခုတစ်ကြိမ်သည် ၂၀၂၀ခုနှစ်အတွင်း ဒုတိယအကြိမ်အတိုးနှုန်းလျှော့ချခြင်းဖြစ်ပြီး အိမ်ရာချေးငွေဖြင့်အိမ်ဝယ်ယူသူများအတွက် ပိုမိုအကျိုးများစေမည်ဖြစ်ကြောင်း အိမ်ခြံမြေဆိုင်ရာကျွမ်းကျင်သူများကသုံးသပ်ကြသည်။
ဒါ့အပြင် COVID-19 ကြောင့် စီးပွားရေးထိခိုက်မှုများကိုလည်းအထိုက်အလျောက်ကုစားနိုင်မည်ဖြစ်သည်။
Written By : Shwe Kyaw (ShweProperty.com)
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ