By Kumudra, Shweproperty.com
Updated at 5 September 2017
အခြေခံလူတန်းစားတွေ တန်ဖိုးနည်းအိမ်ရာဝယ်ယူနိုင်ဖို့အတွက် ဆောက်လုပ်ရေးဘဏ်ကနေဘဏ်ကချိတ် ဆက်ဝယ်ယူနိုင်ပြီး သိထားသင့်တဲ့ အချက်အလက်တွေရှိတယ်လို့ သိရပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ ဦးဆောင်မှုနဲ့ မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက တန်ဖိုးနည်းအိမ်ရာတွေကိုဆောက်လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ တိုက်ခန်းတစ်ခန်းကို ကျပ် သိန်း ၁၀ဝ သတ်မှတ်ထားပြီး စုဆောင်းငွေအဖြစ် တိုက်ခန်းရဲ့ ၃၀ ရာခိုင်နှုန်းစုဆောင်းမိရင် ဝယ်ယူခွင့်လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ နောက်ပိုင်းမှာ တိုက်ခန်းရဲ့ ၂၀ ရာခိုင်နှုန်း စုဆောင်းမိရင် တိုက်ခန်းဝယ်ယူခွင့်လျှောက်ထားနိုင် မှာဖြစ်တယ်လို့လည်း သိရပါတယ်။
တန်ဖိုးနည်းတိုက်ခန်းဝယ်မယ်ဆိုရင် ဆောက်လုပ်ရေးနဲ့အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှာ အိမ်ရာစုဆောင်းငွေစာရင်းကိုစုဆောင်းငွေကျပ် ၁၀,ဝဝဝ နဲ့ စတင်ဖွင့်ရမှာဖြစ်ပါတယ်။ အိမ်ရာစုဆောင်းငွေစာရင်းဖွင့်ပြီး နောက်တိုက်ခန်းရဲ့ ၃၀ ရာခိုင်နှုန်းပြည့်အောင်ငွေစုဆောင်းသွားရမှာဖြစ်ပါတယ်။ စုဆောင်းငွေပေါ်မှာ အတိုးခံစားခွင့်ပေးမှာဖြစ်ပါတယ်။
တိုက်ခန်းတန်ဖိုးငွေရဲ့ ၃၀ ရာခိုင်နှုန်းကို ဘဏ်မှာစုဆောင်းပြီး ကျန်တိုက်ခန်း တန်ဖိုးငွေရဲ့ ၇၀ ရာခိုင်နှုန်းကိုတော့ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေးဘဏ်က တစ်နှစ်ကို ၁၂ ရာခိုင်နှုန်းနဲ့ ချေးပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် ကျပ်သိန်း ၁၀ဝ တန် တိုက်ခန်းဆိုရင် လစဉ်ပေးဆပ်ရမယ့် ငွေပမာဏမှာ တစ်သိန်းကျပ်သာဖြစ်ပြီး ဆယ်နှစ်အရစ်ကျဆပ် ခွင့်ပြုသွားမှာဖြစ်တယ်လို့သိရပါတယ်။
ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေးဘဏ်က ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆောက်လုပ်တဲ့ ရန်ကုန်မြို့ရှိ ရွှေလင်ပန်းတန်ဖိုးနည်း အိမ်ရာ၊ ယုဇနတန်ဖိုးနည်း အိမ်ရာ၊ ကနောင်တန်ဖိုးနည်းအိမ်ရာ၊ ရတနာနှင်းဆီအဆင့်မြှင့်အိမ်ရာ၊ မန္တလေးမြို့မှာ မြရည်နန္ဒာအိမ်ရာတို့နဲ့ ချိတ်ဆက်ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
ဒါ့ပြင် ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေးဘဏ်ဟာဆိုရင် မိမိဘဏ်စာရင်းမှာတိုက်ခန်းတိုက်ခန်းတန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်းစုဆောင်းပြည့် သူဆီ တန်ဖိုးနည်းအိမ်ရာဝယ်နိုင်ပြီဖြစ်ကြောင်း ဆက်သွယ်အကြောင်းကြားပေးတယ်လို့ သိရပါတယ်။ ငွေစုလာသူတွေထဲက တိုက်ခန်းတန် ဖိုးရဲ့ ၃၀ ရာခိုင်နှုန်းငွေစုဆောင်းပြီးသူတွေကို အစဉ်လိုက်ရောင်းချပေးမှာဖြစ်ပါတယ်။ အခန်းဝယ်ယူ ခွင့်ရရှိပါက မိမိဝယ်လိုတဲ့ တိုက်ခန်းကို စိတ်ကြိုက်လျှောက်ထားနိုင်ပါတယ်။
စိတ်ကြိုက်တိုက်ခန်းတွေထပ်နေပါက မဲစနစ်နဲ့ခွဲဝေကျင့်သုံး သွားမည်လို့သိရပါတယ်။
စစ်ဆေးမည်
တန်ဖိုးနည်းအိမ်ရာစီမံကိန်းက အမှန်တကယ်အိမ်ပိုင်မရှိတဲ့ လိုအပ်သူတွေအတွက်ရည်ရွယ်ရောင်းချတဲ့ အစိုးရစီမံကိန်းဖြစ်တာကြောင့် သက်ဆိုင်ရာ ဦးစီးဌာနကအိမ်ခန်းပိုင်ဆိုင်သူ အမှန်တကယ်နေထိုင်ခြင်း ရှိမရှိကို စစ်ဆေးမှာ
ဖြစ်တယ်လို့ သိရပါတယ်။မိမိနေထိုင်ခွင့်ရထားတဲ့ တိုက်ခန်းမှာအငှားချထားခွင့်မရှိပါဘူး။ ငါးနှစ်အတွင်း လွှဲပြောင်းရောင်းချခွင့်မရှိဟုပိတ်ပင်ထားပါတယ်။ တိုက်ခန်းနေခွင့်ရသူဟာ သတ်မှတ်ထားတဲ့ စည်းကမ်းတွေကိုဖောက်ဖျက်တယ်လို့ စစ်ဆေးတွေ့ရှိရင် တိုက်ခန်းဝယ်ခွင့်ကို ပယ်ဖျက်မှာဖြစ်တဲ့အပြင် ပေးသွင်းထားတဲ့ တိုက်ခန်းတန်ဖိုးရဲ့ ၇၅ ရာ ခိုင်နှုန်းကိုဒဏ်ကြေးအဖြစ်သတ်မှတ်ပြီး တိုက်ခန်းကိုသက်ဆိုင်ရာကပြန်သိမ်းယူမှာဖြစ် တယ်လို့ သိရပါတယ်။
Ref & Photo Credit : Kumudra
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ