အိမ်အသစ်ပြောင်းရွှေ့တဲ့အခါမှာ ကျန်းမာရေးချို့ယွင်းလာတာတို့၊ စီးပွားရေးကျဆင်းလာတာမျိုးတွေ ကြုံတွေ့ကြားဖူးကြမှာပါ။ ထိုအခါမျိုးတွင် စမ်းလုပ်ကြည့်လည်း အရှုံးမရှိသည့် ဖုန်း‌ရွှေအယူအရ အခန်းထားသိုနည်းလေးကို ဗဟုသုတအလို့ငှာ မျှဝေပေးချင်ပါတယ်။


၁။ အခန်းတံခါးနဲ့ တန်းနေတဲ့ အိပ်ယာ


ကိုယ်ခန္ဓာရဲ့ မည်သည့်အပိုင်းနှင့် မျက်နှာမူလဲဆိုတဲ့အ‌‌ပေါ် မူတည်ပြီး ကျန်းမာရေးပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။


-  ဦးခေါင်းနဲ့ မျက်နှာမူထားရင် ခေါင်းကိုက်ခြင်း၊ ကောင်းစွာ အာရုံမစူးစိုက်နိုင်ခြင်းတို့ ဖြစ်စေတတ်ပါတယ်။


-  ဝမ်းဗိုက်နဲ့ မျက်နှာမူထားရင်တော့ ဗိုက်အောင့်ခြင်းစသော အစာအိမ်နဲ့ ပတ်သက်တဲ့ရောဂါတွေ ရစေနိုင်ပါတယ်။


-  ခြေထောက်နဲ့ တန်းနေရင်တော့ ကိုယ်ခန္ဓာအောက်ပိုင်းနဲ့ ပတ်သက်ပြီး ထိခိုက်ဒဏ်ရာရစေပါတယ်


၂။ အိပ်ယာကို မျက်နှာမူထားတဲ့ မှန်


ဖြစ်နိုင်ရင်တော့ အိပ်ခန်းမှာ မှန်တွေ ပတ်ပတ်လည် မထားသင့်ပါဘူး။ အိပ်ယာနား မှန်ထားခြင်းက အာရုံလွင့်ပါးစေနိုင်လို့ စိတ်မတည်မငြိမ်ဖြစ်စေပါတယ်......





၃။ အိပ်ယာ အပေါ်တည့်တည့်မှ ထုတ်တန်း


အိပ်ယာ တည့်တည့်ထုတ်တန်းရှိနေခြင်းက စိုးရိမ်ပူပန်မှုတွေနဲ့ ရင်ဆိုင်ရတတ်ပြီး အိပ်ရေးမဝဖြစ်တာမျိုး၊ ခေါင်းကိုက်ဝေဒနာကိုပါ ဖြစ်စေနိုင်ပါတယ်။


၄။ လှေကားအောက်နား တဝိုက် အိပ်ယာထားခြင်း


ကံညံ့ခြင်းနဲ့ အိပ်မက်ဆိုးမက်ခြင်းတို့ ကြုံရနိုင်ပါတယ်။ ဒီတော့ လှေကားအောက်နား အိပ်ယာထားခြင်းကို ရှောင်ရှားသင့်ပါတယ်။


၅။ ရေချိုးခန်း အိမ်သာတံခါးနဲ့ နီးတဲ့ အိပ်ယာ


ကျန်းမာရေးအရ ဆိုးဝါးစေနိုင်လို့ အမြန်ဆုံး အိပ်ယာပုံစံပြောင်းသင့်ပါတယ်။ ခေါင်းကိုက်ဝေဒနာအပြင် ကင်ဆာနဲ့ အခြားသောရောဂါများကိုပါ ဝင်ရောက်စေနိုင်တယ်လို့ ဖုန်းရွှေတို့က လက်ခံ ယုံကြည်ကြသည်။ ရေချိုးခန်း၊ အိမ်သာစွတ်စို စေးကပ်ပြီး အနံ့အသက်တွေကနေ ဆိုးဝါးတဲ့ ကျန်းမာရေးပြဿနာများကို ဖြစ်စေနိုင်သည်ဟု ဆိုပါသည်။





ဖုန်းရွှေပညာရပ်ကို စနစ်တကျ ယုံယုံကြည်ကြည်အသုံးချတတ်ရင် မိမိထံ ကံကောင်းခြင်းတွေ ဆောင်ကြဉ်း ဝင်ရောက်လာနိုင်သည်ဟု လက်ခံယုံကြည်သူ အများအပြားရှိပါသည်။


လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ


အဲကွန်းနဲ့အိပ်တဲ့ အတွက်ဘာတွေဖြစ်နိုင်မလဲ အိမ်မှာ အဲကွန်းဖွင့်ထားမှ အိပ်တတ်သူတွေ ဖတ်ကြည့်နော်


သင့်မျက်လုံးနဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်သော အိမ်သုံးပစ္စည်းများနဲ့ ဘေးထွက်ဆိုးကျိုးများ


နေအိမ် မျက်နှာမူရာအရပ်ဒေသကို လိုက်၍ ကံဇာတာအနိမ့်အမြင့် ခြားနားပုံ


ဘုန်းကံနိမ့်သွားစေနိုင်လို့ အိမ်မှာ ဘယ်တော့မှမလုပ်မိအောင် ရှောင်ရမယ့် အချက် (၄) ချက်


Posted By : Sint Sint (ShweProperty.com)