By Sint SInt, Shweproperty.com
Updated at 29 May 2022
ကိုယ်ယခုနေထိုင်နေတဲ့ အိမ်ဟာ ဘယ်အမျိုးအစားထဲ ပါနေလဲဆိုတာလေ့လာဆန်းစစ်ကြည့်လိုက်ရအောင်။အိမ်၏ ခေါင်းရင်းနေအိမ်သည် မိမိအိမ်ထက်မြင့်မည်။ခြေရင်းအိမ်သည်လည်းမိမိအိမ်ထက်မြင့်ပါက ကိုယ်နေသောအိမ်သည် အမိုးနိမ့်နေလျှင်အိမ်ပုခက် ဟုခေါ်သည် ။နေသောမိသားစုသည် စီးပွားတက်၏။ ကိုယ့်အိမ်ခေါင်းရင်းအိမ်က အမိုးနိမ့်မည် ။ကိုယ့်အိမ်ခြေရင်းကလဲ အမိုးနိမ့်မည် ……ကိုယ့်အိမ်က အလယ်မှ အမိုးမြင့်မားနေပါကအိမ်မြင့်မိုရ်ဟုခေါ်သည်။ လူကြီးမိဘတို့ကို ခေါင်းရင်းဘက်ထား၍ပြူ စုလုပ်ကျွေးအား သဒ္ဓါပြည့်ကအထူးကောင်းမွန်၏ ။ကိုယ့်အိမ်၏ခေါင်းရင်းကမြင့်မည် ။ကိုယ့်အိမ်၏ ခြေရင်းက ကိုယ့်အိမ်ထက်နိမ့်နေပါကအိမ်တောင်တန်းဟုခေါ်သည် ။တစ်စိမ့်စိမ့်စီးပွားဖြစ်၏ ။ ကိုယ့်အိမ်၏ခေါင်းရင်းကနိမ့်၍ကိုယ့်အိမ်၏ ခြေရင်းအိမ်က မြင့်နေပါကစီးပွားအသည်းအသန်ရှာရတတ်သည် ။ရေဆန်အိမ်ဟုခေါ်သည် ။ရှေးလူကြီးများက မဝယ်သင့်ဟုဆိုကြ၏။ ကိုယ့်အိမ်၏ ခေါင်းရင်းနားတွင် မီးဖိုအကြီးကြီးဖြင့်စီးပွားရှာသောအိမ်ရှိနေပါက ထိုအိမ်ကိုဘုရားဆောင်ရွှေ့ခြင်းသို့မဟုတ်အိမ်အမိုးထပ်မြှင့်ခြင်းပြု အပ်၏။မကျန်းမမာဖြစ်တတ်၏ ။ဦးခေါင်း အပူတိုက်ဟုခေါ်ကြသည် ။သတိထားအပ်၏။ ကိုယ့်အိမ်၏ ဘေးဘယ်ညာအိမ်တို့မှဆူညံစကား ပြင်းသောအသံချဲ့စက်ဆောင်းဘောက်စ်အသံအဆဲအဆိုနူတ်ကြမ်းတမ်းခြင်းပြု လုပ်နေပါကထိုအိမ်သည် နတ်ဆိုးလှည်းအိမ်ဟုခေါ်သည်။အမင်္ဂလာအသံကြားတွင်ညပ်နေ၍ဖြစ်၏ ။မေတ္တသုတ် မပြတ်သရဇ္ဈယ်အပ်၏။ အလွန်စပ်စပ်စုစုနိူင်သော အိမ်နီးပါးချင်းငွေအချေးအငှားအလွန်ပက်စက်၍ပြန်ဆပ်လျှင်လက် အလွန်ခက်သောသူတို့နှင့်နေထိုင်ရပါကမရှိပါ ဟူသောစကားကိုလိမ်ညာပြောတတ်ရ၍သီလ မလုံသောကံကို စီရင်ဖန်တီးမိနေတတ်၍အလိမ္မာဖြင့် ဝစီကံထိမ်းထိမ်းသိမ်းသိမ်းသတိထားပြောရတတ်၏။ဝစီဗေဒထိတိုင်းရှ ဟူသည်နှင့်အညီကိုယ်ပါ ဆင်းရဲနွမ်းပါးလာတတ်၏ ။ ဖတ်ရှမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ စီးပွားဥစ္စာ တိုးပွားစေဖို့ ဒီနေ့ ၊ဒီလတွေကိုရွေးပြီး အိမ်ဆောက်ပါ နေအိမ် မျက်နှာမူရာအရပ်ဒေသကို လိုက်၍ ကံဇာတာအနိမ့်အမြင့် ခြားနားပုံ ရွှေငွေအဝင်ကြမ်းစေမယ့် အိမ်ရှေ့တံခါး ပြင်ဆင်နည်း Credit : Mdynews Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ