By Wut Yee Htun (Shweproperty.com), Shweproperty.com
Updated at 24 August 2017
ရန်ကုန်မြို့ပေါ်က လူတန်းစားတွေအားလုံးအတွက် ရည်ရွယ်ပြီး အပြိုင်အဆိုင် ဆောက်လုပ်ရောင်းချပေးနေတဲ့ ဆောက်လုပ်ရေးကုမ္ပဏီတွေထဲမှာ စံပြအိမ်ခြံမြေလုပ်ငန်းတစ်ခု အနေနဲ့ ရပ်တည်ဖို့ ကြိုးစားနေတဲ့ Sun Myat Tun (SMT) Construction လည်းပါဝင်ပါတယ်။ SMT ဟာ လုံခြုံစိတ်ချပြီး နွေးထွေးမှု အပြည့်အဝရစေမယ့် လူနေမှုဘဝတစ်ခု ဖန်တီးပေးဖို့ရည်ရွယ်ပြီး Modernized Apartment တွေကို ဆောက်လုပ်ရောင်းချပေးနေဆဲပါပဲ။
တန်ဖိုးသင့်အိမ်ရာအရောင်းပြပွဲတွေတိုင်းမှာ ပါဝင်ပြီး ဈေးနှုန်း သက်သာစွာနဲ့ ရောင်းချပေးနေတဲ့ SMT Construction ဟာ သြဂုတ်လ(၂၆)ရက်နဲ့ (၂၇)ရက်နေ့၊ စင်္ကာပူနိုင်ငံမှာကျင်းပမယ့် Shwe Property Expo with Myanmar’s Biggest Banks အိမ်ရာအရောင်း ပြပွဲမှာလည်း ထပ်မံပါဝင်ပြီး အိမ်ရာတွေကို ရောင်းချ သွားဦးမှာပါ။ ဒီပြပွဲမှာ SMT Construction က ဘယ်လိုအိမ်ရာတွေကို ပြသရောင်းချသွားမှာလဲ။
ဝင်ငွေရှိတဲ့ မည်သူမဆို SMT ရဲ့ တန်ဖိုးသင့်တိုက်ခန်းတွေကို ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်တဲ့အပြင် ကားပါကင်၊ လုံခြုံရေးစနစ်၊ ဓာတ်လှေကား စတဲ့ ဝန်ဆောင်မှုအပြည့်အဝ ပါဝင်ပြီး ကျယ်ကျယ်ဝန်းဝန်း နေထိုင်ချင်တဲ့သူတွေ အတွက်လည်း အဆင့်မြင့်တိုက်ခန်းတွေကို ပြသရောင်းချသွားမှာပဲဖြစ်ပါတယ်။
ငွေကြေးတစ်လုံးတစ်ခဲတည်း ပေးချေပြီး အိမ်ရာဝယ်ယူဖို့အခက်အခဲရှိသူတွေအတွက် အရစ်ကျစနစ်တွေ၊ ဘဏ်ချေးငွေတွေကနေတစ်ဆင့် အိမ်ရာဝယ်ယူနိုင်အောင် စီစဉ်ပေးထားပါတယ်။ SMT Construction အနေနဲ့ (၁)နှစ်ကနေ (၅)နှစ်အထိ KBZ ဘဏ်နဲ့ချိတ်ဆက်ပြီး အရစ်ကျပေးချေဝယ်ယူနိုင်အောင် စီစဉ်ပေးထားပါတယ်။ တိုက်ခန်းတန်ဖိုးရဲ့ (၃၀)ရာခိုင်နှုန်းကို ကနဦးပေးသွင်းပြီး ကျန်ရှိနေသေးတဲ့ ပမာဏကို အရစ်ကျနဲ့ ပေးချေနိုင်အောင် စီစဉ်ပေးထားပါတယ်။
စင်္ကာပူနိုင်ငံမှာနေထိုင်အလုပ်လုပ်ကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ အိမ်ရာတွေကို စင်္ကာပူမှာနေထိုင်ရင်း ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ နောက်ဆုံးပေါ်နည်းပညာတွေဖြစ်တဲ့ Virtual Reality, Drone Footage, Camera 360 တို့နဲ့ ရိုက်ကူးထားတဲ့ ပုံရိပ်တွေကို ကြည့်ရှုပြီး အိမ်ရာဝယ်ယူနိုင်အောင် စီစဉ်ပေးထားပါတယ်။
စင်္ကာပူနိုင်ငံ၊ Peninsula Excelsior Hotel မှာ ကျင်းပသွားမယ့် ဒီပြပွဲမှာ ပါဝင်မယ့် SMT ဆောက်လုပ် ရေးရဲ့ ကမာရွတ်၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ တာမွေ၊ သင်္ဃန်းကျွန်း၊ မင်္ဂလာတောင်ညွှန့်၊ လှိုင်၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ ဒေါပုံ စတဲ့ မြို့နယ်တွေမှာ တည်ဆောက်ထားတဲ့ အိမ်ရာတွေကို ရောင်းချသွားမှာဖြစ်ပါတယ်။
“ဒါတွေအပြင် Special Plan အနေနဲ့ သတ်မှတ်ထားတဲ့ တိုက်ခန်းတွေကို (၃) နှစ်အထိ အတိုးနှုန်း လုံးဝ (လုံးဝ) ပေးစရာမလိုဘဲ ဘဏ်နဲ့ချိတ်ဆက်ရောင်းချပေးသွားမှာ ဖြစ်တယ်” လို့ SMT Group ရဲ့ Sales Manager ကိုခွန်စစ်သွေးဟိန်းက ပြောပါတယ်။
“စကာၤပူနိုင်ငံမှာ ရောက်ရှိနေကြတဲ့ မြန်မာလူမျိုးများအားလုံး အဆင်ပြေပြေ စိတ်ချမ်းသာစွာ နဲ့ တိုက်ခန်း တွေကို ပိုင်ဆိုင်နိုင်ဖို့အတွက် အဓိကရည်ရွယ်ပါတယ်။ လူကြီးမင်းတို့ရဲ့အိပ်မက်ဟာ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ပါပဲ” လို့ SMT Group ကသူတို့ရဲ့ ရည်မှန်းချက်ကို ရှင်းပြခဲ့ပါတယ်။
တိုက်ခန်းရဲ့တန်ဖိုးကို အနည်းဆုံးကျပ်သိန်း(၂၀၀)ကနေ စတင်ပြီး သိန်း(၁၅၀၀)ထိ ပါဝင်ရောင်းချသွားမှာ ဖြစ်ပါတယ်။
Written By : Wut Yee Htun (Shweproperty.com)
Posted By : Ra Wai (Shweproperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ