By Sint Sint, Shweproperty.com
Updated at 5 November 2020
ကိုယ့်အိမ်မှာ ဘယ်နေရာတွေမှာ မှိုတွေစွဲနေတာများလဲ ရှာကြည့်ပါ။ အိမ်မှာ မှိုစွဲတဲ့နေရာအများစုကို တွေ့မိတာက ရေချိုးခန်းတို့၊ တံခါးဘောင်ဘေးဝန်းကျင်တို့၊ နံရံ၊ မျက်နှာကျက်တို့လို နေရာမျိုးမှာ အများဆုံးဖြစ်နေကြတာကို တွေ့ရတတ်ပါတယ်။ တချို့အိမ်မှာဆို အိပ်ခန်းနံရံတွေမှာလည်း စွဲနေတာမျိုး ဖြစ်နေတတ်ကြပါတယ်။
တခါတခါ အိမ်မှာနေရင်း အလိုလို မအီမသာဖြစ်ပြီး နေမကောင်းသလိုဖြစ်တာ ခံစားကြရတယ်မလား။ အသက်ရှုမဝသလို၊ တစ်ဆို့ဆို့ကြီးနဲ့။ ဘာဖြစ်လို့ဖြစ်မှန်းမသိ ခံစားနေရတာမျိုးပေါ့။ ဒါဟာ ကိုယ့်ရဲ့ရောဂါတခုခုကြောင့် ဖြစ်နိုင်ပေမယ့် တခါတရံမှာ အိ်မ်မှာစွဲနေတဲ့ မှိုတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ သုတေသနပညာရှင်တို့ လေ့လာစမ်းသပ်ချက်အရ မှိုက လူ့ရဲ့ကျန်းမာရေးကို ဒုက္ခပေးပြီး အခုလိုရောဂါလက္ခဏာရပ်များကို ခံစားရစေကြောင်း ဖော်ပြထားကြပါတယ်။
မှိုကြောင့် ဖြစ်တတ်တဲ့ရောဂါလက္ခဏာရပ်များ
- မောပန်းနွမ်းနယ်ခြင်း
- အသက်ရှုရခက်ခဲခြင်း
- အော့အန်မူးဝေခြင်း
- ကိုယ်အလေးချိန်လျော့ကျခြင်း
- ဆံပင်ကျွတ်ခြင်း
- နာတာရှည် အဆုတ်ရောင်ရောဂါခံစားရခြင်း
- မှတ်ဉာဏ်ပျောက်ဆုံးခြင်း
- အရေပြားမှာ အဖုအပိန့်ထွက်ခြင်း
- ချောင်းဆိုးခြင်း၊ ချောင်းဟတ်ခြင်း
- အမြင်အာရုံချို့တဲ့ခြင်း
- အအေးမိသလိုဖြစ်ခြင်း( နှာစေးခြင်း၊ နှာရည်ယိုခြင်း၊ လည်ချောင်းနာခြင်း၊ မျက်စိယားယံခြင်း)
- အနံ့အသက်ပျောက်သွားခြင်း
- ကြွက်သားတွေ နာကျင်ကိုက်ခဲခြင်း
- မကြာခဏ ဆီးသွားခြင်း
- စိတ်ဓာတ်ကျခြင်း၊ စိတ်ပင်ပန်းနွမ်းနယ်ခြင်း
- ကိုယ်လက်တုန်ခါခြင်း
အိမ်မှာစွဲနေကြတဲ့ မှိုတွေက တော့ အမျိုးမျိုးပါ။ အစိမ်းရောင်လည်းရှိသလို၊ အပြာရောင်၊ အနီရောင်၊ အမဲရောင်နဲ့ မီးခိုးရောင်တို့လည်း ရှိနေတတ်ကြပါတယ်။ မှိုစွဲတတ်တဲ့နေရာအများစုက အနွေးဓာတ်ကင်းပြီး အစိုဓာတ်တွေ ကိန်းအောင်းနေတတ်တဲ့နေရာအများစု ဖြစ်နေတတ်တာ တွေ့ရပါတယ်။ မှိုတွေထဲမှာ အမဲရောင်စွဲနေတဲ့မှိုတွေက အန္တရာယ်အပေးဆုံးလို့ ဖော်ပြထားကြပါတယ်။ ဒါကြောင့် ကိုယ့်အိမ်မှာ မှိုတွေစွဲနေတာတွေ့ရင် မိသားစုကျန်းမာရေးအတွက် အမြန်ဖယ်ရှားနိုင်ကြစေဖို့ မှိုတွေစွဲနေခြင်းရဲ့ဆိုးကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
အဲကွန်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုး
ရှလကာရည်သုံးပြီး သန့်ရှင်းရေးမလုပ်သင့်တဲ့ အိမ်သုံးပစ္စည်းများ
လေထုကိုသန့်စင်စေတဲ့ အိမ်တွင်း အလှဆင်အပင်လေးတွေအကြောင်း
အိမ်မှာအပင်စိုက်ဝါသနာပါတဲ့သူတွေ သိထားသင့်တဲ့ အပင်နိမိတ်
Credit : Yangonlife
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ