By kumudra, Shweproperty.com
Updated at 22 July 2014
ဒဂုံအရှေ့ပိုင်းက ရွာသားကြီးကုန်းတွင်းကုန်သေတ္တာစခန်းအနီးက မြေကွက်တွေက လက်ရှိပေါက်ဈေးထက် တစ်ဆခန့်မြင့်တက်သွားတယ်လို့ အကျိုးဆောင်တစ်ချို့ထံကနေ သိရပါတယ်။
'ဒဂုံအရှေ့ပိုင်းမှာက စက်မှုုဇုန်နဲ့လည်း နီးတယ်၊ ရွာသာကြီးမှာ ကုန်းတွင်းကုန်သေတ္တာစခန်းဆောက်မယ်ဆိုပြီး သတင်းစာထဲမှာ ပါလာကတည်းက အဲဒီနားက ၁၁၈ ရပ်ကွက်ကနေ ၁၆၀ နားက မြေကွက်တွေ အရောင်းအဝယ်သွက်လာတယ်၊ ဈေးကလည်း ၁၅၀ ကနေ ၃၀၀ အထိ နောက်တစ်ဆ ထပ်တက်သွားတယ်' လို့ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းမှ ဦးအောင်မိုးကျော်က ပြောပါတယ်။
အဓိက အရောင်းအဝယ်ဖြစ်နေတဲ့ ရပ်ကွက်ကတော့ ၁၁၈၊ ၁၁၉၊ ၁၂၀၊ ၁၂၁၊ ၁၂၃၊ ၁၂၄ တို့ဖြစ်ပြီး ၁၂၆၊ ၁၂၇၊ ၁၂၉၊ ၁၆၀၊ ၁၅၉ ရပ်ကွက်တွေက စီမံကိန်းနဲ့ ပိုနီးတာကြောင့် အရောင်းအဝယ် ဖြစ်နေပြီး ဈေးတက်လာတယ်လို့ သိရပါတယ်။
'လောလောဆယ် ဝယ်တဲ့သူတွေက ဝယ်ရောင်း တော်တော်များများ ဖြစ်ပါတယ်၊ ဝယ်တဲ့သူတွေကလည်း ဒီမှာကုန်သေတ္တာစခန်း တည်ဆောက်မယ်ဆိုတာကြောင့် စည်လာမယ်၊ နောက်ပိုင်းမှာ လူနေများလာမယ်ဆိုရင် ဈေးက လက်ရှိမှာ ၁၅၀ ကနေ ၃၀၀ လောက် ဖြစ်နေပေမဲ့ နောက်ပိုင်းမှာ ကျပ်သိန်း ၇၀၀၊ ၈၀၀ လောက်အထိ အကြမ်းဖျင်းတက်လာနိုင်တယ်' လို့ ကောင်းကင်(၂) အိမ်ခြံမြေ အကျိုးဆောင်မှ တာဝန်ရှိသူက ပြောပါတယ်။
နောက်ပိုင်းမှာ လူနေစည်ကားပြီး အစိုးရက လမ်းတွေဖောက်တာ၊ ဓာတ်တိုင်စိုက်တာမျိုးဆိုရင်လည်း ပိုအလားအလာ ကောင်းနိုင်လာလို့ ဝယ်ရောင်းတွေ စိတ်ဝင်စားမှုများပြီး ဝယ်လာကြတာ ဖြစ်တယ်လို့ သိရပါတယ်။ စီမံကိန်းနဲ့ အနည်းငယ်ဝေးတဲ့နေရာတွေကတော့ အရင်ပေါက်ဈေးထက် ကျပ်သိန်း ၁၀၀ ဝန်းကျင်လောက် ဈေးတက်လာတယ်လို့ သိရပါတယ်။
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ